ဟိုင်နန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းမှ အာကာသစခန်းတည်ဆောက်မှု၏ ပင်မအစိတ်အပိုင်းဖြစ်သည့် “ထျန်းဟော်”အာကာသအခန်းကို သတ်မှတ်ဂြိုဟ်ပတ်လမ်းရောက်အောင် Long March-5B Y2 ဒုံးပျံဖြင့် ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ရာ ဂြိုဟ်ပတ်လမ်းတွင် တရုတ်အာကာသစခန်းတည်ဆောက်ရန်အတွက် ဘက်စုံဆောင်ရွက်ရန် စတင်နိုင်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ဖနွမ်းပင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော တတိယအသုတ် Sinopharm COVID-19 ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ ဧပြီ ၂၈ ရက်တွင် ဆိုက်ရောက်ခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ရင်ဆိုင်ရုန်းကန်နေရချိန်တွင် ကုလသမဂ္ဂအဖွဲ့က အကူအညီများ ပေးနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သော ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၄၀၁,၅၉၃ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ၁,၄၇၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။
မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ နောက်ထပ် Sinovac CoronaVac COVID-19 ကာကွယ်ဆေးများကို ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် လက်ခံရရှိခဲ့ပြီး နိုင်ငံအတွင်း ကာကွယ်ဆေးဆက်လက် ထိုးနှံရန် ခွင့်ပြုထားကြောင်း သိရသည်။
ဆော်ပိုလို၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံပိုင် ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့ဖြစ်သော ဆော်ပိုလိုအခြေစိုက် Butantan Institute က ပထမဆုံး ဘရာဇီးနိုင်ငံထုတ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ဆေး ButanVac ကို ဧပြီ ၂၈ ရက်တွင် စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Joao...
ဗီယင်ကျန်း ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး တတိယအသုတ်သည် လာအိုနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ဧပြီ ၂၈ ရက် နံနက် ၇ နာရီ ၅၁ မိနစ်က ပြင်းအား(၆.၄)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အိန္ဒိယ ငလျင်ဗေဒဆိုင်ရာ အမျိုးသားစင်တာ(NCS)၏ ယင်းနေ့တွင် တိုင်းတာချက်များအရ သိရသည်။