ဟောင်ကောင် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသတွင် နေထိုင်သူ ၅၀၂,၅၀၀ ခန့်အား COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားပြီးဖြစ်ကြောင်း တရားဝင် အချက်အလက် ဖော်ပြထားမှုများအရ သိရသည်။
ဆောပိုလို၊ ဧပြီ ၈ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19ရောဂါဖြင့် သေဆုံးသူ ၃,၈၂၉ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၃၄၀,၇၇၆ ဦးအထိရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေသည့်ကြားထဲတွင် ဧပြီ ၇ ရက်က တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေးများ ထိုးနှံအသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ကျန်းမာရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ခရိုင်လေးခုတွင် ကာကွယ်ဆေးထိုးနှံမှု သွက်လက်မြန်ဆန်စေရန် COVID-19 ကာကွယ်ဆေးထိုးခြင်းရွေ့လျားယာဉ်များကို ဧပြီ ၁ ရက်မှစတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
ဂျကာတာ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) ၏ မီတာ ၅၀ ရှိသော ရထားသံလမ်းများ ပထမအသုတ်သည် ရထားလမ်းအခြေစိုက်စခန်းသို့ ဧပြီ ၇ ရက်က ရောက်ရှိခဲ့ကြောင်း မီးရထားလမ်း ဆောင်ရွက်သူက ပြောကြားခဲ့သည်။
ကူမင်း၊ ဧပြီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးစား ရေအားလျှပ်စစ်စက်ရုံသစ်ကြီးသည် ဇူလိုင်လတွင် စတင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် ၎င်း၏ရေကာတာတွင် ရေစတင်သိုလှောင်ထားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ဧပြီ ၈ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ပုံမှာ ချီးကျူးစရာကောင်းကြောင်း နှင့် ကြီးမားသောအကျပ်အတည်းတစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တောင်ပိုင်းမြို့တော် နန်နင်းမြို့၌ အွန်လိုင်း(online) နှင့် အော့လိုင်း (offline) နှစ်မျိုးစလုံးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးက ဧပြီ ၇ ရက်တွင်...
ဂျကာတာ၊ဧပြီ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများအတွင်း အနည်းဆုံး လူပေါင်း ၁၃၈ ဦးသေဆုံးပြီး အခြား ၆၁ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
အက်ဒစ်ဘာဘာ၊ ဧပြီ ၇ ရက် (ဆက်ဟွာ) The number of confirmed COVID-19 cases in Africa reached 4,282,183 as of Tuesday, the Africa Centers for Disease Control and Prevention...