Connect with us

Business

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အရန်ဆန်များ ရောင်းချပေးလျက်ရှိပြီး ပြည်တွင်း၌ ဆန်ဈေးနှုန်း တည်ငြိမ်စေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ရှိ ဝါးတန်း ကုန်စည်ဒိုင် ဈေးကွက်တွင် ဆန်များဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်း အဆမတန်မြင့်တက်လျက်ရှိခြင်းကြောင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သက်သာသည့်နှုန်းထားဖြင့် အရန်ဆန်များကို ဦးစားပေး ရောင်းချလျက်ရှိပြီး ဩဂုတ် ၂၅ ရက်အထိ ဆန်အိတ်ပေါင်း ၃၀၀,၀၀၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၂၈ ရက်တွင် ပြောသည်။

ရန်ကုန်မြို့ရှိ ဝါးတန်း ကုန်စည်ဒိုင် ဈေးကွက်တွင် ဆန်များဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဝါးတန်း ကုန်စည်ဒိုင် ဈေးကွက်တွင် ဆန်များဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဝါးတန်း ကုန်စည်ဒိုင် ဈေးကွက်တွင် ဆန်များဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဦးရဲမင်းအောင်က “အဓိကတော့ သတင်းမှားတွေကြောင့် စျေးတက်တာ ဖြစ်ပါတယ်။ လျှပ်စစ် လျော့နည်းရရှိမှု ကလည်း အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ သိုလှောင်ပြီး စျေးကစားလိုတဲ့ သူတွေကြောင့် စျေးတွေ မတည်ငြိမ်မှုဖြစ်ပွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အခုလို ပြင်ပထက် သက်သာတဲ့ နှုန်းထားတွေနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဆက်ပြီးလည်း ရောင်းချသွားမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဩဂုတ်လဆန်းမှ စတင်၍ ရန်ကုန်တွင် ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ဆန်များကို စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ဆန်ဝယ်ယူလိုသူအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်လျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်တစ်အိတ်ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“အခုတော့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာပါ တိုးချဲ့ ရောင်းချပေးနေပါပြီ” ဟုဦးရဲမင်းအောင်က ပြောသည်။

ဆန်စပါးသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်ပြီး ဖူလုံရုံမက ပိုလျှံမှုရှိသောကြောင့် ပြည်ပသို့နှစ်စဉ် တင်ပို့ရောင်းချနေရကြောင်းနှင့် ယခုနှစ်တွင်လည်း စပါးလက်ကျန်၊ ဆန်လက်ကျန် လုံလုံလောက်လောက် ရှိကြောင်း သိရသည်။ ထို့ကြောင့် ဆန်ဈေးနှုန်းများ သင့်တင့်မျှတ၍ တည်ငြိမ်စေရန်နှင့် ဆန်ဈေးနှုန်းများကို ဈေးကစားလိုသော သဘောဖြင့်ဆောင်ရွက်မှုများ၊ သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မဖြစ်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် အားလုံးဝိုင်းဝန်းထိန်းသိမ်းရန် နှိုးဆော်ထားကြောင်း ဦးရဲမင်းအောင်ကဆိုသည်။
ထို့ပြင် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်ထက်မပိုသောနှုန်းထားဖြင့် ဧည့်မထဆန် (Export Quality) ကို အခြေခံ ပြည်သူများအတွက် ရောင်းချပေးလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်မှုဖြင့် အသင်းချုပ်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင် ဈေးကွက်တွင် ရောင်ချမှုများနှင့် ဆက်စပ်သည့် ရောင်းချဈေးနှုန်းများမှာ ဩဂုတ် ၂၈ ရက်မှ စတင်၍ ရွှေဘိုပေါ်ဆန်းများကို တစ်အိတ်လျှင် (၁၅၀,၀၀၀-၁၆၀,၀၀၀) ရောင်းဈေးခေါ်ရောင်းချခြင်း လုံးဝမလုပ်ဆောင်ဘဲ တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်ထက်မပိုသော နှုန်းဖြင့် ဈေးလျှော့ရောင်းချရန်၊ ဧရာဝတီပေါ်ဆန်း အုပ်စုများကို တစ်အိတ်လျှင် ကျပ် (၁၁၀,၀၀၀-၁၂၀,၀၀၀) ဖြင့် ရောင်းချမှုလုံးဝမလုပ်ဆောင်ဘဲ တစ်အိတ်လျှင် ကျပ် (၉၀,၀၀၀ )မှ ကျပ် (၁၀၀,၀၀၀) အတွင်းသာ ဈေးလျှော့ရောင်းရန်၊ ရက်၉၀ ဆန်များကို တစ်အိတ်လျှင် ကျပ် (၇၂,၀၀၀) ထက်မပိုသော နှုန်းဖြင့်ဈေးလျှော့ရောင်းရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ နှိုးဆော်ထားကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှုရပ်မည်ဆိုသည်မှာ လတ်တလောတွင် ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။

“အိတ်စပို့ဆန် နဲ့ ပြည်တွင်းစားဆန်က တော်တော်များများ မတူပါဘူး။ ပြည်တွင်းစားဆန်တွေက အဓိကစျေးတက်ပါတယ်။ အိတ်စပို့ ကိစ္စကတော့ဒီနှစ်မှာ တန် (၂) သန်းကျော် တင်ပို့ဖို့ နဲ့ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် export revenue ရဖို့ မှန်းထားပါတယ်။ အိတ်စပို့ ရပ်မယ်ဆိုတာ (ဆွေးနွေးဆဲ) ပါ။ ရပ်ရင်လည်း ရက်ပိုင်း၊ လပိုင်း ပါပဲ။ တစ်လ၊ နှစ်လ ပါပဲ” ဟု ဦးရဲမင်းအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းတို့အနက် ဆန်စက်များအနေဖြင့် မိမိတို့ဝယ်ယူသိုလှောင်ထားသော စပါးများ၊ ကုန်အပ်လက်ခံထားသော စပါးများကို စနစ်တကျစာရင်းပြုစုထားရန်၊ ဝယ်ဈေး၊ ရောင်းဈေးနှင့် ဝယ်သူ၊ ရောင်းသူ မှတ်တမ်းများ၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်မှတ်တမ်းများ စနစ်တကျထားရှိရန်၊ ဆန်စက်များအနေဖြင့် လျှပ်စစ်မီး ရရှိချိန်များတွင် ဆန်စက်များ စွမ်းအားပြည့် လည်ပတ်ရေးဆောင်ရွက်ရန်၊ နေ့စဉ်ဆန်စက်လည်ပတ်ချိန်များကို မှတ်တမ်းထားရှိရန်၊ လျှပ်စစ်မီးလျော့နည်းရရှိခြင်းကြောင့် ဒီဇယ်ဖြင့် ဆန်စက်လည်ပတ်ရန်လိုအပ်ပါက မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်အသင်းခွဲများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ထံသို့ တင်ပြရန်၊ စက်ချို့ယွင်းမှုကြောင့် ဆန်စက် မလည်ပတ်နိုင်မှုအခြေအနေရှိပါက ကြိုတင်၍ သတင်းပို့ရန်၊ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း စသော ပြည်တွင်းဆန်နှင့် စပါးများကို သိုလှောင်ထားပါက သိုလှောင်မှု မှတ်တမ်းများထားရှိရန်နှင့် ဈေးကွက်အတွင်းသို့ ပုံမှန်ရောင်းချမှုအတိုင်း ပုံမှန်ထုတ်ရောင်းပေးရန်၊ ပစ္စည်းရှိလျက် လျော့နည်းရောင်းချမှုမျိုး လုံးဝမပြုလုပ်ရန် ၊ ဆန်ဈေး၊ စပါးဈေး မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသူများကို ဝိုင်းဝန်းဖော်ထုတ်ပြီး အသင်းချုပ် သို့ဖြစ်စေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ဖြစ်စေ အချိန်မီတင်ပြ အသိပေးထားရန် တိုက်တွန်းနှိုးဆော်ထား ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.