နယူးဒေလီ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) COVID-19 ဖြစ်ပွားမှုဂရပ် မြင့်တက်လာခြင်းအား ထိန်းချုပ်ရန်အတွက် ဒေလီအစိုးရသည် ညမထွက်ရ အမိန့်တစ်ရပ် ထုတ်ပြန်ရန် ဧပြီ ၆ ရက်တွင်ဆုံးဖြတ်ခဲ့သည်။
ကူမင်း၊ ဧပြီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ နယ်စပ်ခရိုင်မြို့နယ်(၂၅)ခုစသည့် အဓိကနေရာများတွင် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၅ ရက် အထိ ပြည်နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ (၃.၂၃၂)သန်း ရှိကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်၏ ဧပြီ ၆ ရက်...
ခတ္တမန္ဒူ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီး Hridayas Tripathi က ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ထိထိရောက်ရောက် မပြဌာန်းပါက နီပေါနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေခြင်းသည် ယခုနှစ် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစောပိုင်းကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
လန်ဒန်၊ဧပြီ ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က COVID-19 ပိတ်ဆို့မှု lockdown ဆိုင်ရာ လမ်းပြမြေပုံ၏ ဒုတိယခြေလှမ်း ဖော်ဆောင်သည့်အနေဖြင့် နိုင်ငံအတွင်းက မရှိမဖြစ် လိုအပ်ချက်မဟုတ်သော ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း နှင့် စားသောက်ဆိုင်များ နှင့် ပျော်ပွဲစားရုံများကို အခန်းပြင်ပ စားသောက်ခြင်းအဖြစ် ပြန်လည်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင်...
မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်၌ နောက်ထပ်သက်တမ်းနှစ်ကြိမ် ထပ်မံတာဝန်ထမ်းဆောင်နိုင်ခွင့်ရရှိရန် ဥပဒေမူကြမ်းကို ဥပဒေအဖြစ်သို့ ဧပြီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် COVID-19 ဖြစ်ပွားမှု အန္တရာယ် မြင့်မားအဆင့်ဧရိယာ သုံးခုနှင့် အလယ်အလတ်အဆင့်ဧရိယာ သုံးခု ထပ်တိုးထားကြောင်း သိရသည်။
တီဘလီစီ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ဂျော်ဂျီယာနိုင်ငံ ကျန်းမာရေး ဝန်ကြီး Ekaterine Tikaradze က ပြီးခဲ့သော အပတ်အစောပိုင်းတွင် ဂျော်ဂျီယာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး အစွမ်းထိရောက်မှု ရှိကြောင်း ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဘဲဂရိတ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) Another shipment of COVID-19 vaccines from China was welcomed on Monday by Prime Minister of Serbia Ana Brnabic.
ဂျကာတာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ (Seroja) အပူပိုင်းဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ဧပြီ ၅ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်သည့်...
ကုလသမဂ္ဂ၊ဧပြီ ၆ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဦးဆောင်ဦးရွက်ပြုသည့် COVAX အစီအစဉ်ဖြင့် ကမ္ဘာ့နိုင်ငံများ COVID-19 ကာကွယ်ဆေး အညီအမျှ ရရှိစေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံသို့ ကာကွယ်ဆေး ၃၆ သန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၅ ရက်တွင်...