ပေကျင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက ပညာရေးဌာနများ နှင့် တက္ကသိုလ်များအား ဒေသတွင်းရှိ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့် အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အရှေ့ Nusa Tenggara ပြည်နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ရုတ်တရက်ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွားကြောင်း နှင့် အခြား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။
နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်တန်မြို့တွင် ဧပြီ ၃ ရက်နံနက်အစောပိုင်း အိမ်တွင်းပါတီပွဲတစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝယ်လ်မင်တန်ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဒါကာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း COVID-19 လှိုင်းအသစ်အား ထိန်းချုပ်ရန် ဧပြီ ၅ ရက်မှစတင်၍ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည့် Lockdown ချမှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင် တားဆီးထိန်းသိမ်းထားသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူဦးရေသည် မတ်လပိုင်းတွင် (၁၇၁,၀၀၀) ကျော်ရှိရာ ၎င်းမှာ နှစ်ပေါင်း (၂၀)ကာလ၌ တစ်လအတွင်း လူဦးရေအများဆုံးအဖြစ် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ဗျူနိုအေးရိစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernandez က ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၃ ရက် အစောပိုင်းက တွစ်တာပေါ်၌ ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၀) မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀) မိုင်ခန့်၊ ကိုကိုးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၃၅) မိုင်ခန့်နှင့် ရန်ကုန်မြို့ ၏ တောင်-အရှေ့တောင်ဘက်...