Connect with us

China

တရုတ်နှင့် အီရန်တို့ ဗဟိုအကျိုးစီးပွားများ အပြန်အလှန်ပံ့ပိုးကူညီသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဆင်ဟွာသတင်းဌာနကို သီးသန့်တွေ့ဆုံဖြေကြားနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့်အတူ ဗဟိုအကျိုးစီးပွားများနှင့် စပ်လျဉ်းသောကိစ္စရပ်များ၌ အချင်းချင်း အခိုင်အမာ ဆက်လက်ထောက်ခံရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ်လ ၂၀ ရက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian ၏ တယ်လီဖုန်းခေါ်ဆိုမှုကို ပြန်လည်ဖြေဆိုစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အီရန်နိုင်ငံ သမ္မတ အီဘရာဟင် ရိုင်စီက တရုတ်နိုင်ငံသို့ အောင်မြင်သောခရီးစဉ်အဖြစ် လာရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များကြား အရေးပါသော သဘောတူညီချက်အသစ်များ ရရှိခဲ့ကာ တရုတ်-အီရန် ဆက်ဆံရေးကို အဆင့်သစ်ဆီသို့ ဦးတည်စေခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်ရိက ပြောခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက် တစ်ခုစီကို အကောင်အထည်ဖော်လျက်ရှိသလို နယ်ပယ်မျိုးစုံ၌ ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က အီရန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့် အဆင့်မြင့်ဖလှယ်မှုကို ထိန်းသိမ်းရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်မူဘောင်အရ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ၌ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အီရန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံများကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရောက်ရှိရေး မြှင့်တင်ရာတွင် တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ကျေးဇူးတင်ကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China, Iran to support each other on core interests: Chinese FM

BEIJING, Aug. 20 (Xinhua) — China stands ready to continue to work with Iran to firmly support each other on issues concerning core interests, said Chinese Foreign Minister Wang Yi during his phone conversation with Iranian Foreign Minister Hossein Amir-Abdollahian on Sunday at the latter’s request.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that Iranian President Ebrahim Raisi paid a successful state visit to China in February this year, and the two heads of state reached new important consensus on bilateral cooperation, which led China-Iran relations to a new level.
The two sides are making every effort to implement the important consensus reached by the two heads of state and pushing forward exchanges and cooperation in various fields, he added.
Amir-Abdollahian said that Iran attaches great importance to the development of the comprehensive strategic partnership between Iran and China, and looks forward to maintaining high-level exchanges with China, deepening cooperation under the framework of the Belt and Road Initiative, and strengthening coordination and cooperation in international and regional affairs.
The Iranian foreign minister also expressed sincere gratitude to China for the constructive role it played in promoting the normalization of relations between Iran and Saudi Arabia.
Photo: Chinese State Councilor and Foreign Minister Wang Yi gives an exclusive interview to Xinhua on China-U.S. ties in Beijing, capital of China, Aug. 5, 2020. (Xinhua/Zhai Jianlan)