ဘန်ဒါဆရီဘဂါဝန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံသည် နိုင်ငံများစွာ၌ COVID-19 ကာကွယ်ဆေး သာတူညီမျှစွာရရှိရန် ရည်ရွယ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ဦးရွက်ပြုထားသော COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ပရီတိုးရီးယား၊ တောင်အာဖရိက၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားတက္ကသိုလ်မှ ကျောင်းသား ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Blade Nzimande က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဟွားလျန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် ချင်းမင်ပွဲတော်ကာလ ရုံးပိတ်ရက် (၄) ရက်စတင်ခဲ့သည့် ဧပြီ ၂ ရက်က နှစ်ပေါင်း (၄၀)ကျော်ကာလအတွင်း သေဆုံးဒဏ်ရာရမှု အဆိုးဆုံးဖြစ်သည့် ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ၍ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သလို လူပေါင်းတစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လွှတ်တော်အဆောက်အအုံ (Capitol) အနီး ဧပြီ ၂ ရက် မွန်းလွဲပိုင်း၌ အတားအဆီးများအား အမျိုးသားတစ်ဦးက ကားတစ်စီးဖြင့် ဝင်တိုက်ပြီး နှစ်နာရီခန့်အကြာတွင် ယင်းနေရာသို့ ဝင်ထွက်ခွင့် ပိတ်ပင်ထားခြင်းကို ဖြေလျှော့ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ရဲအရာရှိတစ်ဦးသေဆုံးပြီး...
ဆန်တီရာဂို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု စံချိန်အသစ်ထပ်မံရောက်ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားမှု အရေအတွက် တစ်သန်းကျော်သွားပြီးနောက် လက်ရှိ နိုင်ငံတစ်ဝန်း ကျန်းမာရေးကန့်သတ်ချက်များကို တင်းကြပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Enrique Paris က ဧပြီ ၁ ရက်က ကြေညာခဲ့သည်။
လန်ဒန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) လန်ဒန်မြို့ရှိလွှတ်တော်အဆောက်အဦ တစ်ဖက်ရှိ အရှည် မိုင်ဝက်ခန့်ရှိသည့် အုတ်နံရံပေါ်တွင် COVID-19 ကြောင့် ကွယ်လွန်သွားခဲ့သူများအား အမှတ်တရရှိစေရန် မိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများက စုပေါင်းကာ အသည်းပုံများရေးဆွဲခဲ့ကြောင်းသိရသည်။ နံရံတွင်ရေးဆွဲထားသည့် အမှတ်တရ အသည်းပုံတစ်ခုချင်းစီသည်COVID-19 ကြောင့်ကွယ်လွန်သွားသူများအားကိုယ်စားပြုသည်။အဆိုပါနံရံသည် သိမ်းစ်မြစ်တောင်ဘက်ကမ်းပါးတစ်လျှောက် စိန့်သောမတ်စ်ဆေးရုံအပြင်ဘက်တွင်ရှိကြောင်းသိရသည်။ (Xinhua)
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်နိုင်ငံနှင့်အတူ ဗိုင်းရပ်စ်လမ်းကြောင်းများ ပူးတွဲသုတေသနပြုလုပ်ပြီးနောက် ကမ္ဘာ့ COVID-19 မူလအရင်းအမြစ်ခြေရာခံခြင်းဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို မတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။ WHO နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ၃၄ ဦးတို့သည် တရုတ်နိုင်ငံ...
နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈၁,၄၆၆ ဦး ရှိသဖြင့် ရောဂါကူးစက်ခံရသူ အရေအတွက်စုစုပေါင်းမှာ ဧပြီ ၂ ရက်တွင် ၁၂,၃၀၃,၁၃၁ ဦးသို့ ရောက်ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဂါဘရွန်နေ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ဘော့ဆွာနာနိုင်ငံ၏ လွှတ်တော်သည် COVID-19 ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ဟန့်တားရေးအတွက် နိုင်ငံ၏ ပြည်သူ့အရေးပေါ်အခြေအနေအား ၆လ ထပ်မံသက်တမ်းတိုးရန် မတ် ၃၁ ရက်တွင် အတည်ပြုခဲ့သည်။
မွန်ရိုးဗီးယား၊ ဧပြီ ၂ ရက် (ဆင်ဟွာ) လိုက်ဘေးရီးယားနိုင်ငံ အရှေ့တောင်ဘက်ပိုင်း မေရီလန်းကောင်တီရှိ အကျဉ်းထောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၉၀ ဦးအား စတင်ရှာဖွေလျက်ရှိကြောင်း ရဲအရာရှိက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။