Connect with us

Environment, Disasters & Accidents

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး၌ ယာဥ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိမ်းမှောက်နေသာ ယာဥ်များအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်နေစဥ် ( ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ လေးလွန်းပင်ကျေးရွာ၊ လေးလွန်းပင်ကွေ့၊ ပုသိမ်-ရန်ကုန်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၈/၂)နှင့်(၃၈/၃)ကြားတွင် ယနေ့ (သြဂုတ် ၂၀ရက်) နေ့လည် ၂နာရီ ၁၅ မိနစ်တွင် Nissan ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။” ၃ ယောက်လုံး အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးတယ်၊ကားလည်း ပျက်စီးသွားတယ်” ဟု ညောင်တုန်းမြို့ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ယဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦးလုံး သေဆုံးခဲ့ကြောင်း၊ ယင်း ရုပ်အလောင်းများကို မျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဉ်နှင့် ကြက်ခြေနီအသင်းမှယာဉ်တို့ဖြင့် ချောင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)