Connect with us

Environment, Disasters & Accidents

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခံရဟုဆို

မန္တလေး-ရန်ကုန် ကွန်တိန်နာ ကုန်တင်ရထား မိုင်းဆွဲ တိုက်ခိုက်ခံရစဥ် (ဓာတ်ပုံ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ ယနေ့( သြဂုတ် ၂၀ ရက်) နံနက် ၉နာရီ ခန့်က ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း ရထားသံလမ်း ၁ပေဝန်းကျင် ပြတ်တောက်သွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ဘီးလင်းမြို့မှသထုံမြို့သို့ ခုတ်မောင်းလာသည့် ကျောက်တင်ရထားသည် သထုံမြို့နယ်ရှိ ဒုံဝန်းဘူတာနှင့်သိမ်ဆိပ်ဘူတာကြားရှိ မိုင်တိုင်အမှတ် ၁၂၃/၂၃ နှင့် ၁၂၃/၂၄ အရောက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ထို့အတူ မန္တလေးမြို့မှ ထွက်ခွာလာသည့် မန္တလေး-ရန်ကုန် ကွန်တိန်နာ ကုန်တင်ရထားသည် သြဂုတ် ၁၈ ရက် နံနက် ၇နာရီ ၅၀ခန့်က တောကျွဲအင်းမြို့အနီးရထားလမ်း တံတားအမှတ်( ၁၇၉)သို့ ရောက်ရှိစဥ် လက်လုပ်ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ရထားပေါ်ပါ လူနှင့် ကုန်ပစ္စည်းထိခိုက်မှုမရှိဘဲ မီးရထား ကုန်တွဲ အမှတ် (၃ ) သည် လမ်း၏ ညာဘက်သို့ တိမ်းမှောက်ခဲ့ပြီးကျန်အတွဲများသည်လည်း လမ်း၏ ညာဘက်သို့ လမ်းချော်ခဲ့ကာ မီးရထားလမ်း ပေ ၁၅၀ ခန် နှင့် ဇလီးဖားတုံး ၇၀တုံး ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ်လ (၁၈)ရက်က ထုတ်ပြန်ထားသော သတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.