ရှူးလျန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ရှူးလန်မြို့သည် ဩဂုတ် ၁ ရက်ညပိုင်းကတည်းက မိုးသည်းထန်မှုဒဏ်ခံစားခဲ့ရသည်။ ခရိုင်အဆင့်မြို့ဖြစ်သော ရှူးလျန်ရှိ မြို့နယ်ပေါင်းများစွာတွင် မိုးသည်းထန်မှုကို ဆက်လက်ကြုံတွေ့နေရသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားလာသောအခါ ခိုင်ယွမ်မြို့၊ ရှင်းခိုင်ကျေးရွာတွင် နေထိုင်သူများက ရေဘေးလွတ်ရာနေရာ တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းခဲ့ရသည်။ သို့ရာတွင်...
ဝါရှင်တန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ပင်လယ်နက် ဆန်စပါး Black Sea Grain Initiative အပါအဝင် အခြားအရေးကိစ္စများအပေါ် ဆွေးနွေးရန် တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan ထံသို့ တယ်လီဖုန်းခေါ်ဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ထျန်းကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်းက ရေကာတာများနှင့် တာတမံများကို တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ရန်နှင့် ရေဘေးကယ်ဆယ်ရေးလမ်းကြောင်းများကို ရှင်းလင်းထားရှိရန် ဩဂုတ် ၅ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ချိန်တူး၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ချိန်တူးမြို့၌ ကျင်းပသောကမ္ဘာ့တက္ကသိုလ် အားကစားပြိုင်ပွဲ၌ ဩဂုတ် ၆ ရက်တွင် ပြီးဆုံးသည့် သုံးရက်ကြာ လှေလှော်ပြိုင်ပွဲတွင်ပေးအပ်ချီးမြှင့်သော ရွှေတံဆိပ် ၁၅ ခုအနက် တရုတ်လှေလှော်အားကစားသမားများက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ်...
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃.၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar) ၏ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ခဲ့ ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ထောင်နှင့်ချီသောလူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ရုရှား ရေနံတင် သင်္ဘောတစ်စီးသည် ဩဂုတ် ၅ ရက် နံနက်ပိုင်းက Kerch ရေလက်ကြားတွင် ယူကရိန်းမောင်းသူမဲ့ရေယာဉ်၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း Novorossiysk ရေကြောင်းကယ်ဆယ်ရေးနှင့် ညှိနှိုင်းရေးစင်တာ(MRCC)၏ သတင်းကို ကိုးကား၍ TASS သတင်းဌာန ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့်...
ဖနွမ်းပင်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်က ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၀.၃ သန်း ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလက ရရှိခဲ့သော ဒေါ်လာ ၃.၃၇ သန်းထက် ၅၀၂ ရာခိုင်နှုန်း...
ထိုက်ယွမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အသက် ၃၉ နှစ်အရွယ် ဝမ်စွိုက်တုန်းသည် စက္ကူလက်မှုအနုပညာရှင် မိသားစုတွင် ကြီးပြင်းလာသူ ဖြစ်သည်။ လူရွှင့် အနုသုခုမ ကောလိပ်ကျောင်းတွင် ကျောင်းပြီးဆုံးခဲ့ပြီးနောက် သင်ယူခဲ့သည့် အလှဆင် အနုပညာ ဒီဇိုင်း မေဂျာ ပညာနှင့် မိရိုးဖလာ လက်မှုအနုပညာကို ပေါင်းစပ်ကာ...
အဘူဂျာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) နိုင်ဂျာနိုင်ငံ၌ ကြုံတွေ့နေရသော အကျပ်အတည်းကို နည်းလမ်းအသွယ်သွယ်ဖြင့် ဖြေရှင်းရန်လိုအပ်ရာ လက်ရှိတွင်မူ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးသည် ဦးစားပေးဖြစ်သင့်ကြောင်း အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) စစ်တပ်အကြီးအကဲများက နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အာဘူဂျာ၌ ဩဂုတ် ၄ ရက်တွင်...