Connect with us

North America

အမေရိကန်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့် ပင်လယ်နက် စားနပ်ရိက္ခာ သဘောတူညီချက်အား ဆွေးနွေး

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ပင်လက်နက် ကမ်းခြေ၌ လဲလျောင်းနေသော ခရီးသွားဧည့်သည်တစ်ဦးကို ၂၀၁၉ ခုနှစ်၊ ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ပင်လယ်နက် ဆန်စပါး Black Sea Grain Initiative အပါအဝင် အခြားအရေးကိစ္စများအပေါ် ဆွေးနွေးရန် တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan ထံသို့ တယ်လီဖုန်းခေါ်ဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။အမေရိကန်ဘက်မှ ထုတ်ပြန်ချက်တစ်ခုအရ ဘလင်ကန် က ” Black Sea Grain Initiative တွင် တူရကီနိုင်ငံ၏ ဦးဆောင်ဦးရွက်လုပ်မှုများအတွက် ကျေးဇူးတင်ရှိပါသည်” ဟု ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံက ပင်လယ်နက်ဆိပ်ကမ်းများမှ စားနပ်ရိက္ခာနှင့် အခြားလယ်ယာထွက်ကုန်များ တင်ပို့ရန် ခွင့်ပြုခဲ့သည့် အဆိုပြုချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် တူရကီနိုင်ငံ နှင့် ကုလသမဂ္ဂတို့က ကြားဝင်စေ့စပ်ခဲ့ပြီး ရုရှားနိုင်ငံက သဘောတူညီချက်တွင် ပါဝင်မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ပြီးခဲ့သည့် လတွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သိရသည်။နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေး လုပ်ထုံးလုပ်နည်းများကို လည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
——————————
U.S., Turkish FMs discuss Black Sea grain deal over phone
WASHINGTON, Aug. 5 (Xinhua) — U.S. Secretary of State Antony Blinken on Saturday held a phone call with Turkish Foreign Minister Hakan Fidan on issues including the now collapsed Black Sea Grain Initiative, the U.S. State Department said.
According to a U.S. statement, Blinken “thanked Türkiye for its leadership in the Black Sea Grain Initiative.”
The initiative, which allowed Ukraine to export its grain and other agricultural products from its Black Sea ports, was brokered by Türkiye and the United Nations in July 2022 and expired last month after Russia suspended its participation in the agreement.
The two officials also discussed Sweden’s NATO accession protocol, the statement said. Enditem
A tourist lies at a beach of the Black Sea in Istanbul, Turkey, June 3, 2019. (Xinhua/Xu Suhui)