Connect with us

Politics, Law & Military

မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် ၃.၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၃.၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကက်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar) ၏ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၆ ရက်၊ ည ၉ နာရီခွဲအချိန် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မြို့မှရေးမြို့ သို့ သွားသည့် ခရီးသည်တင်ယာဉ်ပေါ်ပါ အောင်မင်းထွန်း အားအိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီအချိန် ဖမ်းမိမူးယစ်ဆေးဝါးများ သယ် ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သည့် ညီညီထွန်း(ခ)ညီညီ အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊ ညနေ ၅ နာရီအချိန် စံလင်း နှင့် ထွန်းနိုင်မိုး တို့အား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် အိုက်စ် ၁ ကီလို၊ Honda Fit မော်တော် ယာဉ် ၁ စီးနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခွဲအချိန် ဖမ်းဆီးရမိထားသော ထွန်းနိုင်မိုး ငှားရမ်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁) ရပ်ကွက်ရှိ နေအိမ်တွင် အောင်ကိုဦး နှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၁၁၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း၊ ကက်တမင်း ၆၂၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃.၉၆ ဘီလီယံကျော်တန်ဖိုးရှိ ကြောင်း သိရသည်။ဖမ်းဆီးရမိသူ ၅ ဦးတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.