ဝါရှင်တန်၊မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆေးဝါးကုမ္ပဏီမိုဒါနား (Moderna) က ပထမဆုံး ကလေးငယ်အုပ်စု ပါဝင်သော ၎င်းတို့၏ COVID-19 ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်မှုအဆင့် ပြုလုပ်ခဲ့ကြောင်း မတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများအတွင် အအေးလေလှိုင်းတိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်း နေရာဒေသများတွင် သဲဖုန်လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်လျက်ရှိရာ တရုတ်နိုင်ငံ ဗဟိုမိုးဇလဌာနက သဲမုန်တိုင်း အပြာရောင် ကြိုတင်သတိပေးချက် အသက်ဝင်ခဲ့ကြောင်း သိရသည်။ ရာသီဥတု စမ်းစစ်ချက်များအရ မတ် ၁၉ ရက်နှင့် ၂၀ ရက်များတွင် အအေးလေလှိုင်း သဲဖုန်ထူပြောသည့်ရာသီဥတု...
မာလီ ၊ မတ် ၁၆ ရက်(ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ၌ တရုတ်နိုင်ငံ Sinopharm က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုချက်အတည်ပြုခဲ့ကြောင်း မော်လ်ဒိုက် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(MFDA) က မတ် ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နှင့်အီရန်အကြား တစ်ဆင့်ခံ သံတမန်ဆက်ဆံရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်လုံခြုံရေး အကြံပေး Jake Sullivanက မတ် ၁၂ တွင် ပြောကြားခဲ့သည်ဟု ဝါရှင်တန်ရှိ ရိုက်တာ သတင်းက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် မြို့တော်အစ္စလာမ်မာဘတ်တွင် မတ် ၁၅ ရက်က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။
ဦလန်ဘာတာ၊ မတ် ၁၄ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ ဒေသအများအပြားတွင် မတ် ၁၃ ရက်ကစ၍ ပြင်းထန်သည့် သဲမုန်တိုင်းနှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ မတ် ၁၅ ရက်အထိ လူ(၆)ဦး သေဆုံးပြီး (၈၀)ကျော် ပျောက်ဆုံးလျက်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဌာနက ယင်းနေ့တွင် ထုတ်ပြန်ခဲ့သည်။
ချီကာဂို၊မတ်၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တောင်ပိုင်းရှိ စီးပွားရေးအဆောက်အအုံတစ်လုံးတွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ပေါ့ပါတီပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၅ ဦး ကျည်ထိမှန်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၀ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး အသက် ၃၁...
ကွာလာလမ်ပူ ၊ မတ် ၁၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 လူနာသစ် ၁,၃၅၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာ စုစုပေါင်း ၃၂၃,၇၆၃ ဦးထိ ရှိလာခဲ့ကြောင်း မတ် ၁၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။
မော်စကို၊မတ် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့တော်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁,၉၀၅ ဦး ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်း ၁,၀၀၀,၃၉၄ ဦးထိ ရှိလာကြောင်း ရုရှားနိုင်ငံ COVID-19 ရောဂါတုံ့ပြန်ရေးစင်တာက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကဘူးလ်၊ မတ် ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် မြို့တော် ဟီရတ်တွင် မတ် ၁၂ ရက်ညပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သားအပါအဝင် လူ(၈)ဦးသေဆုံး ပြီး (၅၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် အစိုးရအရာရှိတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့်...