Connect with us

Economy

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်၊သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်

တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၌ ကျင်းပသော ၅ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ လာရောက်သူများအား ၂၀၁၈ ခုနှစ်၊ ဇွန်၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံမှပါဝင်ပြသမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၌ ကျင်းပသော ၅ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ လာရောက်သူများအား ၂၀၁၈ ခုနှစ်၊ ဇွန်၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန်ပြည်နယ်၌ ကျင်းပသော ၅ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ လာရောက်သူများအား ၂၀၁၈ ခုနှစ်၊ ဇွန်၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက “တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကုန်စည်ပြပွဲတွေမှာ မြန်မာနိုင်ငံက နှစ်စဉ်ပါဝင် ပြသလျက်ရှိပါတယ်။ နောက်ထပ်လာမယ့် ကုန်စည်ပြပွဲတွေမှာလည်း မြန်မာနိုင်ငံအနေနဲ့ သွားရောက်ပြသဖို့ရှိပါတယ်” ဟုဆင်ဟွာသို့ ယနေ့ ဩဂုတ် ၄ ရက်တွင် ပြောသည်။

အဆိုပါကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ Dianchi Internatonal Convention and Exhibition Center တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် Country of Honor အဖြစ် ပါဝင်ပြသမည်ဖြစ်ပြီး ပထမအကြိမ် Country of Honor အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံကပါဝင် ပြသခဲ့ကြောင်း သိရသည်။

၂၀၂၃ နှစ်တွင် ကုန်စည်ပြပွဲနှင့်ဆက်စပ်၍ ဖိုရမ်(၁၀)ခုကျော်ကိုတပြိုင်တည်းကျင်းပသွားမည်ဖြစ်ပြီး (၁၆)ကြိမ်မြောက် တရုတ်-တောင်အာရှစီးပွားရေးဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က အလှည့်ကျဥက္ကဋ္ဌ အဖြစ် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် မဲခေါင်မြစ်ဝှမ်းဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/တိုင်းအဆင့်ခေါင်းဆောင်များဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ တက်ရောက်ကြမည်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ သိရသည်။
ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်စုစုပေါင်း(၁၀၀)ကျော်တို့က မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများအား ပါဝင်ပြသကြမည်ဖြစ်ပြီး ဆက်စပ်စီးပွားရေးဖိုရမ်များသို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117