ထျန်းရွှေ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) နွေရာသီ အားလပ်ရက် ကာလတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းရွှေမြို့ မိုက်ကျီးခရိုင်ရှိ မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူတွင် ခရီးသွားများဖြင့် စည်ကားခဲ့သည်။ ခရီးသွားများနှင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၏ လုံခြုံရေးအတွက် မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူ အနုပညာ သုတေသနဌာနက ခရီးသွားလမ်းကြောင်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာတွင်...
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ဧပြီလတွင် စတင်ခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၂.၄၁၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇူလိုင် ၃၁ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလ...
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Bajur ခရိုင်တွင် ဇူလိုင် ၃၀ ရက်က ပြုလုပ်သော နိုင်ငံရေးစုဝေးပွဲတစ်ခု၌ အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၄၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီးက ဇူလိုင် ၃၁ ရက်တွင်ပြောကြားခဲ့သည်။...
ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၃၀ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွါးခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွါးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)
ခါတွန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ကယ်ဆယ်ရေးလေယာဉ်များအတွက်မှလွဲ၍ နိုင်ငံ၏ လေပိုင်နက် ပိတ်ထားမှုကို ဩဂုတ် ၁၅ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဇူလိုင် ၃၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ ဆူဒန်နိုင်ငံတွင် နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအကြား...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ = ၁,၉၅၇ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး)= ၂,၃၀၅,၆၀၀ ကျပ် (YGEA) ၁၆ ပဲရည် = ၃,၆၀၀,၀၀၀ ကျပ်ဝန်းကျင် (ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) Currency Exchange: အမေရိကန် ၁ ဒေါ်လာ = ၃,၀၀၀ ကျပ်ဝန်းကျင် (ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) ဖော်ပြပါ...
ချိန်တူး၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဩဂုတ် ၁ ရက် တပ်မတော်နေ့မတိုင်မီ ဇူလိုင် ၂၆ ရက်က အနောက်ပိုင်းဒေသ စစ်ဌာနချုပ် လေတပ်သို့ သွားရောက်စစ်ဆေးကြည့်ခဲ့ပြီး ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား အနောက်ပိုင်းဒေသ...
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မူဝါဒရေးရာဘဏ်တစ်ခုဖြစ်သော China Development Bank က ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတစ်ဝန်း အဓိကမြစ်ကြောင်းထိန်းသိမ်းရေးစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှု အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါကာလအတွင်း ထိုစီမံကိန်းနှင့် ဆက်စပ်သော ဆောက်လုပ်ရေးလုပ်ငန်းများ မြှင့်တင်ရန် ယွမ် ၁၁၀.၂...
ရန်ကုန်၊ ဇူလိုင် ၃၀ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေသည် ဇူလိုင် ၃၀ ရက်မွန်းလွဲပိုင်းတိုင်းတာချက်အရ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့် ရောက်ရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကရေကင်းများ ချထားစောင့်ကြည့်လျက်ရှိကြောင်း ပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၃၀...
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂.၇၅ ဘီလီယံကျော်ရရှိခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၃၇.၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။