Connect with us

Business

မြန်မာနိုင်ငံက ၃ လကျော်ကာလအတွင်း သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၂ သန်းကျော် ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအား ၂၀၂၀ပြည့်နှစ်၊ ဇူလိုင် ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ဧပြီလတွင် စတင်ခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း သတ္တုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၂.၄၁၁ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇူလိုင် ၃၁ ရက်ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း သတ္တုတွင်းထွက် တင်ပို့ခြင်းမှရရှိသည့် ဝင်ငွေမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလက ရရှိခဲ့သောဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၈.၇၁၇ သန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယင်းတို့အနက် အမေရိကန်ဒေါ်လာ ၉၁. ၉၄၇ သန်းတန်ဖိုးရှိ သတ္တုတွင်းထွက် များကို ပုဂ္ဂလိကကဏ္ဍမှ တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းထွက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၇.၇၉၈ သန်းရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် ၎င်း၏ နိုင်ငံခြားကုန်သွယ်မှု မိတ်ဖက်နိုင်ငံများသို့ အဓိက တင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.