ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ နောက်ဆုံးရရှိထားသောစာရင်းများအရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦး နှင့် သေဆုံးသူပေါင်း ၁၀၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံးတွင် စက်တင်ဘာ ၂၁...
ဆန်းရှီး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသူ တရုတ်အမည် (မာရှောင်ယွဲ့ ) သည် ၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ တရုတ်လူမျိုး တစ်ဦးနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ အစပိုင်းတွင် ၎င်းတို့၏ ကျေးလက်လူမှုဘဝသည် အခက်အခဲဖြစ်ကြုံတွေ့ခဲ့ရသော်လည်း ဒေသဆိုင်ရာအစိုးရ၏ ကူညီထောက်ပံ့မှုနှင့်အတူ အရာရာတိုင်းသည် အဆင်ပြေချော်မွေ့ခဲ့ရသည်။...
ဘူဒါပတ်စ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထားကြီးသည် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ၊အဝတ်အထည်များ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ကာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။တရုတ်-ဥရောပ ကုန်ရထားသည် ဥရောပနိုင်ငံများနှင့်သွားလာဖလှယ်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံမှစတင် ဆောင်ရွက်သည့် ရထားလမ်းချိတ်ဆက်မှု စီမံကိန်းတစ်ခုဖြစ်သည်။ကုန်ကျစရိတ်သက်သာ၍ ယုံကြည်စိတ်ချရမှုရှိခြင်းကြောင်း ကိုဗစ်ကာလတွင် ရထားသယ်ယူပို့ဆောင်ရေးသည် တိုးတက်လာကြောင်း သိရသည်။ (Xinhua)
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ထပ်တိုးလာသဖြင့် သေဆုံးသူပေါင်း ၁၁၅ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်း ထုတ်ပြန်မှု...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် နေ့လည် ၂နာရီထိ နောက်ထပ် သေဆုံးသူ ၁၃ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၃ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့မှုအစီအစဉ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်ကြရာတွင် ပမာဏနှင့် မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူ သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင်...
ပေကျင်း၊ သစက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID ကပ်ရောဂါ အလွန်ခေတ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍတွင် တစ်ဖက်သတ်ဝါဒပြုကျင့်ခြင်း ၊ အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် “ကမ္ဘာ့ဥသျှောင်” ကဲ့သို့ပြုမူသော မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်ကြောင်း ၎င်း၏အတွေးအမြင်နှင့်ပတ်သက်၍ စက်တင်ဘာ ၂၁ ရက်တွင် ရှင်းလင်း ဝေမျှခဲ့ကြောင်း...
နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် နိုင်ငံတော်က ငွေကျပ် ၅၅၅ ဘီလီယံခန့်ကို အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ) (၇၅) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထိပ်သီးအစည်းဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ရာယင်းနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကြေညာချက်တစ်စောင်ကို အတည်ပြုခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ယခုအချိန်၌ လူအများစုဝေးရာနေရာများဖြစ်သည့် ဈေးများမှ တစ်ဆင့် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးတို့ကိုအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြည်သူများသို့ အသိပေးထုတ်ပြန် ပြောကြားခဲ့သည်။