Connect with us

Environment, Disasters & Accidents

အဝေးပြေးရထားလက်မှတ်နှုန်းထားများနှင့် မြို့ပတ်ရထား လက်မှတ် နှုန်းထားများအား ဇူလိုင် ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်

ရန်ကုန်မြို့ရှိ မြို့ပတ်ရထား တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

လက်ရှိပြေးဆွဲနေသည့် အဝေးပြေးရထားလက်မှတ်နှုန်းထားများနှင့် မြို့ပတ်ရထား လက်မှတ်နှုန်းထားများအား ဇူလိုင် ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးက ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ဆင်ဟွာသို့ ယနေ့ ဇွန် ၃၀ ရက်တွင်ပြောသည်။ဦးသောင်းထိုက်က “ဇူလိုင် ၁ ရက်ထွက်မယ့် ရထားလက်မှတ်တွေကို ဒီနေ့ ဇွန် ၃၀ ရက် ရက်ကြိုရောင်းကတည်းက တိုးမြှင့်နှုန်းထား အသစ်နဲ့ စတင်ရောင်းချနေတာပါ။ လက်ရှိက လက်မှတ်ခ ၂,၀၀၀ ဆို ရင် ၃,၀၀၀ ဖြစ်သွားတာပေါ့။ ၅၀ ရာခိုင်နှုန်းတက်သွားတာပေါ့။ စက်သုံးဆီဈေးတွေ တက်တော့လက်မှတ်ခ နှုန်းထားကိုလည်း တက်ရတာပါ” ဟု ပြောသည်။

မြို့ပတ် ရထားစီးနင်းခများလည်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊ ယခင်က ၁၅ မိုင်လျှင် ၁၀၀ ကျပ်နှုန်း ကောက်ခံသည့် လက်မှတ်နှုန်းထားအား ၂၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း၊ မြို့တစ်ပတ်လျှင် ၂၀၀ ကျပ်အား ၃၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ၎င်းကဆိုသည်။

“မြို့ပတ်ရထားအနေနဲ့ဆိုရင် အားလုံးပေါင်း ရထား ၇ စင်းပြေးဆွဲပေးနေပါတယ်။ အဝေးပြေးရထားတွေက ရန်ကုန်-မန္တလေး ရထား ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန်-ပြည် ရထားတွေ နဲ့ စာပို့ရထားတွေ ပြေးဆွဲပေးနေပါတယ်။ အမြန်ရထားတွေကို ထပ်မံတိုးချဲ့ဖို့လည်း အစီအစဉ် ဆွဲနေပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ရန်ကုန်-မန္တလေး ပြေးဆွဲခဲ့ပြီး ခေတ္တရပ်နားထားသော အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် အမြန်ရထားကို ဇူလိုင် ၁၀ ရက်၌ ပြေးဆွဲနိုင်ရန် စီစဉ် နေကြောင်း၊ အမှတ်(၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားကို ဇူလိုင် ၂၅ ရက်မှာ ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း၊ သြဂုတ်လ၂၀ ရက်တွင် အမှတ်(၆၁)အဆုန် ရန်ကုန်-ပြည် အမြန်ရထားအားပြေးဆွဲရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ မြန်မာ့မီးရထားအနေနဲ့ ထိုက်သင့်တဲ့ အားလျော်စွာဈေးတက်ရခြင်းဖြစ်လို့ မီးရထားကို ပုံမှန်စီးနင်းနေကြတဲ့ ခရီးသွားပြည်သူတွေလည်း အဆင်ပြေမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.