ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အခြေခံပညာ Grade-1 မှ Grade-9 အထိ အောင်စာရင်းများကို ဇွန်လဒုတိယပတ် နောက်ပိုင်းတွင်ထွက်ရှိနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ ကို ဇွန် ၅ ရက်တွင် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက...
နယူးယောက်၊ မေ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် အသက်သေဆုံးရသူ အရေအတွက် ၁ သိန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မေ ၂၇ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြု ကိုယ်စားလှယ်များက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပဒေပြဌာန်းချက် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုအပေါ် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက အလေးအနက်ထား သဘောတူညီခဲ့ကြပြီး ယင်းဥပဒေကြမ်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ အပြင် ဟောင်ကောင်၏ ရေရှည်ကြွယ်ဝမှု...
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး၏ ဦးဆောင်အဖွဲ့သည် တတိယအကြိမ်အစည်းအဝေးကို မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုတ်သုံအဝင် နောက်ကျလျက်ရှိကြောင်း၊ ထိုသို့ မုတ်သုံနောက်ကျသည့်အတွက် မုတ်သုံမဝင်ခင်ကာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးသက်လေပြင်းကျတာမျိုးဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးဦးလှထွန်းက မေ ၂၈ ရက်တွင်ပြောကြားသည်။
ပေကျင်း၊ မေ ၂၈ ရက်(ဆင်ဟွာ) ဟောင်ကောင်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဆိုသည့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံက အပြည့်အဝ သဘောတူ တန်ဖိုးထား လက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ချိုမိုလန်းမားတောင်၏ အမြင့်အတိအကျကို တိုင်းတာရန်နှင့် ထုတ်ပြန်ရန် နှစ်လမှ သုံးလခန့် အချိန်ယူရဖွယ်ရှိကြောင်း တရုတ်နိုင်ငံ သဘာဝအရင်းအမြစ် ဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မေ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 တုံ့ပြန်ရေးလုပ်ဆောင်ချက်များအပေါ် ထိခိုက်ပျက်ပြားစေရန် မမှန်မကန် တရားစွဲမှုများ လုပ်ဆောင်ခြင်းခံခဲ့ရပြီးနောက် တရုတ်နိုင်ငံဥပဒေပြုကိုယ်စားလှယ်များက ပြည်ပနိုင်ငံများဆိုင်ရာ ကင်းလွတ်ခွင့် ဥပဒေတစ်ရပ်ကို ပြဌာန်းသွားရန် အဆိုပြုခဲ့ကြသည်။
နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ) ၂၀၁၉ – ၂၀ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှု (RE:_ Revised Estimated) ဥပဒေကြမ်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက ကျပ် ၈၇ ဒသမ ၁၁၃ ဘီလီယံ ဖြတ်တောက်ပြီး အတည်ပြုခဲ့သည်။
နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန် လျာထားခဲ့ရာ ယခုဘဏ္ဍာနှစ်အတွင်း မတ်လအထိ တင်ပို့ ပြီး ဆန်မှာ တန်ချိန် ၁ ဒသမ ၇ သန်းရှိခဲ့သောကြောင့် ဘဏ္ဍာနှစ်၏...