ပေကျင်း ၊ မေ ၃ရက် (ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်တွင် ခြေကုပ်ယူခဲ့ပြီးဖြစ်ရာ ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုသည် အမှန်စင်စစ် ရောက်ရှိလို့ လာခဲ့ပါပြီ။ ၎င်းသည် ကပ်ရောဂါတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ထိန်းချုပ်၍ ရနိုင်ပါသည်။
ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်နှင့် ပြည်နယ်မြို့တော် ဝူဟန့်တို့သည် တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ အားပေးထောက်ပံ့မှုကို ရရှှိခဲ့ကြောင်း ကျန်းမာရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ် ငါတို့ ဗိုင်းရပ်စ်အသစ်တွေ့ထားတယ် အမေရိကန် အဲဒီတော့ဘာဖြစ်လဲ တရုတ် အဲဒါက အန္တရာယ်ရှိတယ် အမေရိကန် တုပ်ကွေးလေးပဲဟာကို တရုတ် နှာခေါင်းစည်းဝတ်ရမယ် အမေရိကန် နှာခေါင်းစည်းဝတ်ဖို့မလိုဘူး
ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) ပြည်တွင်းရှိ ဆေးရုံများ၌ တိုးပွားလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ခါသုံး ခွဲစိတ်ခန်းသုံး ဝတ်စုံ(surgical gowns)များအား ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခုက ချုပ်လုပ်လျက် ရှိကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၂ ရက် (ဆင်ဟွာ) ခီရီဘာတီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် တရုတ်နိုင်ငံ၏ အကူအညီတစ်စိတ်တစ်ပိုင်းအဖြစ် ပထမအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို ခီရီဘာတီနိုင်ငံက မေ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သော ဝူဟန့်မြို့ရှိ အသက်ရာကျော်ရှိသော COVID-19 လူနာ ၈ ဦးအနက် ၇ ဦးသည် ရောဂါသက်သာ၍ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိခဲ့ကြောင်း၊ ၎င်းလူနာများအနက် အသက်အကြီးဆုံးမှာ ၁၀၈ နှစ်ဖြစ်ကြောင်း သိရသည်။
ဝူဟန့်၊ မေ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုဒဏ်အများဆုံးခံစားခဲ့ရသော ဝူဟန့်မြို့အား သီတင်းပတ် ၁၁ ပတ်နီးပါး အသွားအလာကန့်သတ်ပိတ်ပင်ထားရာမှ ဧပြီ ၈ ရက်ကစတင်၍ ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီဖြစ်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19ရောဂါကြောင့် အသက် ၅ နှစ်အောက်ကလေးများတွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်ကို လက်ရှိရွှေ့ဆိုင်းထားရသည့် အတွက် မိဘများမစိုးရိမ်ကြရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ဆင်ဟွာကို မေ ၂ ရက်တွင်ပြောသည်။
ပြုံယမ်း ၊ မေ ၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ နိုင်ငံပိုင် သတင်းဌာန ၏ မေလ ၂ ရက် ဖော်ပြချက်အရ မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်း က မေလ ၁ ရက် တွင် Suncheon ဖော့စဖိတ်...