Connect with us

Politics, Law & Military

နိုင်ငံတကာလေကြောင်းခရီးစဥ်များ ဧပြီ ၁၇ ရက်မှစ၍ ပြန်လည်ပြေးဆွဲမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) မှစတင်၍ ကိုဗစ်-၁၉ ရောဂါပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာ၌ လွယ်ကူချောမွေ့စေရေးတို့အတွက် ယာယီကန့် သတ်သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ည ၁၁ နာရီ ၅၉ မိနစ်အထိ သတ်မှတ်ထားပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်) မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ သတ်မှတ်စည်းကမ်းချက်များ အတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရန် နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းအား ယာယီကန့်သတ်မှု Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ၂၀၂၀ ပြည့်နှစ်၊မတ် ၂၉ ရက်မှစတင်ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်၊မတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.