ဆိုးလ် ၊ မတ် ၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသ၌ မတ် ၄ ရက်တွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဝူဟန့်၊ မတ် ၄ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ ယာယီဆေးရုံများကို ဖြည်းဖြည်းချင်းလျှော့ချသွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် မျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက မတ် ၃ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းတစ်ချို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မတ်လ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၉၈,၈၁၉ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က မတ် ၃ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မတ် ၄ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံး နှာခေါင်းစည်း (mask) များ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဂျီနီဗာ ၊ မတ် ၄ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ လုပ်ဆောင်ချက်မှာ “ ခဲယဉ်းလွန်းလှသော” မျှဝေမှု အတွေ့အကြုံ၏ အလွန်စံနမူနာပြုထိုက်မှုတစ်ခုပင် ဖြစ်ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးတန်းကျွမ်းကျင်သူတစ်ဦးက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) မတ် ၃ ရက် ဗဟို ဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီ အထိ နိုင်ငံအသီးသီးမှပေးပို့သည့် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့အခြားနေရာဒေသများ၌ COVID-19 ရောဂါ အတည်ပြုလူနာ အရေအတွက်မှာ ၁၀,၅၆၆ ဦး ရှိသွားပြီဖြစ်ကြောင်း...
ပေကျင်း ၊ မတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ် ၃ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအသစ် ၁၁၉ ရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်းကို အစီရင်ခံစာများ အသီးသီးရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဆန်တီရာဂို၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထိန်းချုပ်ရေးအတွေ့အကြုံအား လေ့လာရန် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့ကို ချီလီနိုင်ငံမှ စေလွှတ်ခဲ့ကြောင်း ထိပ်တန်း အရာရှိတစ်ဦးက မတ် ၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် အချိန်တစ်ရက်တည်းတွင် နှာခေါင်းစည်း အခုရေ ၁၁၆ သန်းထုတ်လုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လုပ်နိုင်ခဲ့သော အရေအတွက်ထက် ၁၂ ဆ ပိုမိုများပြားခဲ့ကြောင်း ၊ ယင်းမှာ အမြင့်ဆုံး စံချိန်တင်...