မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တင်းမာမှုများ မြင့်တက်နေခြင်းနှင့် လက်နက်အပြိုင်တပ်ဆင်မှုအသစ်တစ်ခု အမှန်တကယ်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဥရောပလုံခြုံရေးစနစ်တစ်ခုလုံးသည် လွန်စွာလျော့နည်းကျဆင်နေပြီ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ဂျကာတာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်တည်ပြုလူနာ (၁၄,၅၃၆)ဦး ထပ်တိုးကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ရေတွက်ပါက အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော် ရှိလာခြင်း ဖြစ်သည်။
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Sullivan သည် ယခုရက်သတ္တပတ်အတွင်း မော်စကိုသို့ ပြန်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) လေပြင်းတိုက်ခတ်မှုများ ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် အပူပိုင်းမုန်တိုင်း Claudette ကြောင့် အမေရိကန်နိုင်ငံ Alabama ပြည်နယ်တောင်ပိုင်းတွင် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဇွန် ၂၁ ရက်တွင် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ကမ်းခြေသို့ဝင်ရောက် တိုက်ခတ်သွားခဲ့ကြောင်း သိရသည်။
ကိုလံဘို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ၂၀၂၁ ခုနှစ်အတွင်း ယခုအချိန်ထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက်မှာ ၈,၁၃၉ ဦးထိ မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ မြို့တော် ကိုလံဘိုမြို့သည် ရောဂါဖြစ်ပွားသူ အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက ဇွန် ၂၁ ရက်တွင်...
ဂျီနီဗာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် “Delta”သည် လက်ရှိတွင် နိုင်ငံပေါင်း (၉၂)နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပညာရှင်များက ဇွန် ၂၁ ရက် ဂျီနီဗာရုံးချုပ်တွင် ပြောကြားခဲ့သည်။ ၎င်း၏ကူးစက်ပြန့်ပွားမှုသည် ပို၍အားကောင်းပြီး ကာကွယ်ဆေးထိုးနှံထားပါက “Delta” အတွက် ဖြစ်ပေါ်သည့် neutralizing antibody (CRNAb)...
တီဟီရန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံတွင် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက်ခံရသည့် Ibrahim Leahy က ဇွန် ၂၁ ရက်၌ တီဟီရန်တွင် ရွေးချယ်တင်မြောက်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ အနေဖြင့် အီရန်နိုင်ငံအပေါ် ဆောင်ရွက်ထားသည့် မတရားသော အရေးယူပိတ်ဆို့မှုအားလုံးကို...
ဂျီနီဗာ ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ဂျီနီဗာ အခြေစိုက် တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ချိန်ရွှီ က ဇွန် ၂၁ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၇)ကြိမ်မြောက် အစည်းအဝေး၌ COVID-19 ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ...
ဆိုးလ် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်သို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ၏ မြောက်ကိုရီးယားကိစ္စရပ်ဆိုင်ရာ အထူးကိုယ်စားလှယ် Sung Kim က အမေရိကန်ဘက်မှ အဆိုပြုထားသော မည်သည့်အချိန် ၊ မည်သည့်နေရာတွင် ဖြစ်စေ မည်သည့်ကြိုတင်တောင်းဆိုမှုမှမပြုလုပ်ဘဲ မြောက်ကိုရီးယားနိုင်ငံ နှင့်...
နယူးဒေလီ ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၄၂,၆၄၀ ဦးနှင့်အတူ ဇွန် ၂၂ ရက်တွင် လူနာအရေအတွက်ပေါင်း ၂၉,၉၇၇,၈၆၁ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။