နယူးဒေလီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများအနီး အပြင်းအထန် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိသော ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) အတွက် အရန်အသင့်ရှိမှု အခြေအနေကို သုံးသပ်ရေး အဆင့်မြင့်အစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်လျင်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပထမအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံရေးပါတီများဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇွန် ၁၂ ရက်က ကျင်းပခဲ့ပြီး အလယ်အာရှဒေသမှ အဓိကနိုင်ငံရေးပါတီများမှ ခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လန်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာ ၇၂ ခု တွင် ရှားပါးပြီး အဖိုးတန် ကျောက်တုံးပန်းချီများ အတွက် ဒစ်ဂျစ်တယ် ရုပ်ပုံ ဒေတာဘေ့စ်ကို ထူထောင်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန် ၁၂ ရက်၌ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မကြာသေးမီ ကာလက ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ပြင်သစ်၊ ရုရှား၊ အာရဗီ၊ စပိန်၊ ပေါ်တူကီ၊ ဂျာမနီ၊ ဂျပန်နှင့် တရုတ်(ရိုးရာစာလုံး)စသည့် ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့သည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိ ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ရီယက်ဒ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် ၈ ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယက်ဒ်တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း...