Connect with us

Myanmar

မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် တပ်မတော်ဆေးရုံကြီး၌ အထူးကြပ်မတ်ကုသမှုခံယူ

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

ယာယီသမ္မတ ဦးမြင့်ဆွေ၏ လက်ရှိ ကျန်းမာရေးအခြေအနေသည် အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့( ဩဂုတ် ၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက် များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson’s Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သောအာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိ အမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်းဆေးကုသမှုများခံယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သောအထူးဆေး ကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေး
အခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ စတင်၍နေအိမ်၌ပင် ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှုဆက်လက်ခံယူနေခဲ့ကြောင်း သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117