ကျိုချွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ သယ်ဆောင်ရေးဒုံးပျံအသစ်တစ်စင်းကို ဇူလိုင် ၁၂ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ Zhuque-2 သယ်ဆောင်ရေးဒုံးပျံကို ပေကျင်းစံတော်ချိန် နံနက် ၉:၀၀ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အစီအစဉ်အတိုင်း ဒုံးပျံလွှတ်တင်ရေးမစ်ရှင် အောင်မြင်ခဲ့ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်၌ ရေထွက်ကုန် ၆၉,၆၁၂ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၅.၂၄၂ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၂-...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မျှဝေရေး ဖိုရမ် ပထမအကြိမ် အဆင့်မြင့်ဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ တက်ရောက်၍ သမ္မတ ရှီကျင့်ဖိန်၏...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန်များ (FTZs) တွင် စမ်းသပ်ထားသော ပြုပြင်ပြောင်းလဲမှုအတွေ့အကြုံများကို နိုင်ငံတစ်ဝန်းတွင် ပုံစံတူကျယ်ပြန့်စွာဆောင်ရွက်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း စုစုပေါင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် ၂၂ ခုကို အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေး၊...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ရောင်းချမှုမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် အစီးရေ ၃.၇၅သန်းနီးပါးအထိ တိုးလာခဲ့ပြီး၊ ယမန်နှစ် ကာလတူကထက် ၄၄.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ...
ဆိုးလ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော ပန်ဒါဝက်ဝံမကြီး “အိုက်ပေါင်(ဟွာနီ)”သည် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပန်ဒါဝက်ဝံမလေး အမြွှာနှစ်ကောင်ကို အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ Gyeonggi-do ဒေသ Yonginမြို့ရှိ Everland ဥယျာဉ်၏ ပြောကြားချက်များအရ သိရသည်။ ယခုအကြိမ်...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ+၃ (ASEAN Plus Three) နိုင်ငံခြားရေးဝန်ကြီးများ...
ဂျီနီဗာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေစွန့်ထုတ်မည့် အစီအစဉ်ကိုရပ်တန့်ရန် တရုတ်နိုင်ငံက ၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဂျပန်နိုင်ငံဆိုင်ရာ Universal Periodic Review (UPR) ရလဒ်ကို ဇူလိုင် ၁၀...
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Sogavareနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့က အပြန်အလှန်လေးစားမှု၊...
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ = ၁,၉၂၆ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး)= ၂,၂၆၆,၉၀၀ ကျပ် (YGEA) ၁၆ ပဲရည် = ၃,၂၁၀,၀၀၀ ကျပ်ဝန်းကျင် (ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) Currency Exchange: အမေရိကန် ၁ ဒေါ်လာ = ၃,၀၀၀ ကျပ်ဝန်းကျင် (ပြင်ပဈေးကွက်အရောင်းအဖွင့်ဈေး) ဖော်ပြပါ...