ကုလသမဂ္ဂ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးအရေးနှင့်စပ်လျဉ်းသည့် တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် အစ္စရေးက အန္တရာယ်များသည့်လုပ်ရပ်အား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ ဂါဇာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်ကာ ယခင်ကမရှိခဲ့ဖူးသည့်...
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) စီမံကိန်း ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဩဂုတ် ၅ ရက်က မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မာကျားနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...
ဘန်ကောက်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံအား ပြည်တွင်းနှင့် နိုင်ငံတကာတွင် ရာဇဝတ်မှုနှင့် တရားမမှုဆိုင်ရာ တရားစွဲဆိုမှုများ စတင်လုပ်ဆောင်ရန်အတွက် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ဆင်ထားရန် သက်ဆိုင်ရာဌာန အသီးသီးအား ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဖွမ်ထမ် ဝီချာယာချိုင်းက ညွှန်ကြားထားသည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆက်ဘ်က...
လန်ဒန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) မုဒိမ်းမှုငါးမှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်မှုတို့နှင့်ရင်ဆိုင်နေရသည့် အာဆင်နယ်နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့၏ ကွင်းလယ်ကစားသမားဟောင်း သောမတ်စ် ပါတေးသည် သြဂုတ် ၅ ရက်တွင် လန်ဒန်ရှိ Westminster Magistrates တရားရုံး၌ ထွက်ဆိုခဲ့ပြီးနောက် အာမခံရခဲ့ကြောင်း သိရသည်။ အမျိုးသမီးနှစ်ဦးနှင့် ဆက်စပ်နေသော မုဒိမ်းမှုငါးမှုနှင့်...
ဖနွမ်းပင်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ထိုင်းစစ်တပ် တပ်ဆင်ထားသော သံဆူးကြိုးကို ကမ္ဘောဒီးယားဘက်က ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဩဂုတ် ၅ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ “ထိုင်းနိုင်ငံက ဩဂုတ် ၄...
လားဆ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ၁၉၆၅ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြစ်ကို ကျော်ဖြတ်ထားသည့် ပထမဆုံး တံတားကြီးဖြစ်သော လားဆတံတားသည် တရားဝင်တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့ရာ ဒေသတွင်းပြည်သူများက နွားသားရေဖောင်ဖြင့် မြစ်ဖြတ်ကူးရသည့် သမိုင်းကို အဆုံးသတ်ခဲ့သည်။ ယနေ့တွင် တရုတ်နိုင်ငံ...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၉၀၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၆.၈.၂၀၂၅) ရက်တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ရန်ကုန်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ယာယီသမ္မတ ဦးမြင့်ဆွေ၏ လက်ရှိ ကျန်းမာရေးအခြေအနေသည် အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့( ဩဂုတ် ၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ ယာယီသမ္မတဦးမြင့်ဆွေသည်...
ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် World Team Table Tennis Championships Finals ပြိုင်ပွဲ၌ ကျား၊မ ပြိုင်ပွဲနှစ်ခုစလုံးတွင် အသင်း ၆၄ သင်းစီ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF)...
ဖနွမ်းပင်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ယခင်နှစ်က ၆ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ နှေးကွေးမည်ဟု ခန့်မှန်းထားကြောင်း ASEAN+3 Macroeconomic Research Office (AMRO) ၏ သြဂုတ် ၅...