ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မီးရထားကုန်စည်ပို့ဆောင်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တည်ငြိမ်သောတိုးတက်မှု ရှိခဲ့ကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေးကွန်ရက် လည်ပတ်မှု ပိုမိုထိရောက်လာပြီး ဝန်ဆောင်မှုများလည်း ပိုမိုကောင်းမွန်လာကြောင်း အမျိုးသား မီးရထားလုပ်ငန်းက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံ၏ အမျိုးသား မီးရထားစနစ်သည်...
ဘန်ကောက်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ “အချစ်တော်တိရစ္ဆာန် ဖက်ရှင်ရှိုး” ကျင်းပခဲ့ရာ မြို့သူ၊ မြို့သား အများအပြားက ၎င်းတို့ အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးများနှင့်အတူ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။ (Xinhua) ———————- (Chinese Version) 泰国曼谷:宠物时装秀 新华社照片,曼谷,2025年7月20日...
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်-ဥရောပသမဂ္ဂ နှစ်ဖက်ဆွေးနွေးမှုအရ ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့သည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က...
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိသော စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၅,၈၉၀,၀၀၀) ကျပ် (ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ) ဖော်ပြပါ အချက်အလက်များသည် (၂၁.၇.၂၀၂၅) တွင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ ထုတ်ပြန်သော Market Rate ဈေးနှုန်းများ...
ဆဝါကော့မန့်ဒ်၊ နမီးဘီးယား၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နမီးဘီးယားနိုင်ငံ၏ ပင်လယ်ရေကြောင်း ကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုက နမီးဘီးယားနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ လူနေမှုဘဝကို ခိုင်ခိုင်မာမာ အကျိုးသက်ရောက်စေသည်ဟု နမီးဘီးယား ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (Namport) အမှုဆောင်အရာရှိချုပ်ဖြစ်သူ အန်ဒရူး ကာနီမီက ပြောကြားခဲ့သည်။ ဇူလိုင် ၁၇...
နယူးယောက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲတွင် အင်တာမိုင်ယာမီအသင်းက နယူးယောက် ရက်ဒ်ဘူးစ်အသင်းအား တစ်ဂိုးရှုံးနေရာမှ နောက်မှလိုက်ကစားကာ ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ပြီး အင်တာမိုင်ယာမီအသင်းအတွက် လီယွန်နယ် မက်ဆီက ကိုယ်တိုင် နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။
တက်ရှ်ကန့်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air China က ဥဇဘက်ကစ္စတန်နိုင်ငံ၏ မြို့တော် တက်ရှ်ကန့်နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့အကြား ပထမဆုံးသော တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ဇူလိုင် ၁၉ ရက်တွင် စတင်ပျံသန်းခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်တစ်ရပ် ပြုလုပ်ရန် အဆိုပြု ကမ်းလှမ်းထားကြောင်း ဇူလိုင် ၁၉ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုပုဂ္ဂိုလ် ကျောက်လဲ့ကျိသည် ဇူလိုင် ၂၃ ရက်မှ ၃၁ ရက်အထိ ကာဂျစ္စတန်၊ ဟန်ဂေရီနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်မည်ဖြစ်ကာ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပမည့် ခြောက်ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ဥက္ကဋ္ဌများဆိုင်ရာ ညီလာခံသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဒမတ်စကပ်စ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) လူသေဆုံးမှုများ ဖြစ်ပွားခဲ့သော ဂိုဏ်းဂဏစွဲ ပဋိပက္ခများ ရက်အတန်ကြာ ဖြစ်ပွားနေခြင်းကို ရပ်တန့်ရန် ရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်ကို ဖော်ဆောင်ရန်အတွက် ဆီးရီးယား ယာယီအစိုးရက ဆွီဒါပြည်နယ် အနှံ့တွင် ဇူလိုင် ၁၉ ရက်က တပ်ဖွဲ့ဝင်များကို စတင်ဖြန့်ကြက်လျက်ရှိသည်ဟု...