ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ယွမ်မင်းဆက်(၁၂၇၁ ခုနှစ်- ၁၃၆၈ ခုနှစ်)တွင် စတင်ခဲ့သည် ပေကျင်းမြို့၏ ဗဟိုဝင်ရိုးလမ်း (ခေါ်) ကျုံးကျိုရှန့်သည် မြို့တောင်ဘက် ရုန်တင့်ဂိတ်(ရုန်တင့်မန်)နှင့် မြောက်ဘက် ကူလိုမျှော်စင် နှင့် ကျုံးလိုမျှော်စင်အကြား ၇.၈ ကီလိုမီတာ ရှိသည်။
ဗလာဒီဗိုစတော့၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Pacific Fleet မှ သင်္ဘောအုပ်စုသည် ဂျပန်ပင်လယ်နှင့် Okhotsk ပင်လယ်ပြင်တွင် စစ်ဆင်ရေးလေ့ကျင့်နေစဉ် ရန်သူ၏ရေငုပ်သင်္ဘောပစ်မှတ်အတုကို အောင်မြင်စွာ ရှာဖွေတွေ့ရှိကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ယင်းသင်္ဘောအုပ်စု၏ သတင်းပြန်ကြားရေးက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် ဟွန်ဒူးရပ်စ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ပူးတွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ဇွန် ၁၃ ရက်၌ ပြောကြားခဲ့သည်။
ကရာချိ၊ ပါကစ္စတန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိ ဆိပ်ကမ်းမြို့၌ မကြာသေးမီက အလွန်ပြင်းထန်သော အပူလှိုင်းနှင့် အတူ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိမြင့်တက်လျက်ရှိသည်။
နယူးဒေလီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများအနီး အပြင်းအထန် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိသော ဆိုင်ကလုန်းမုန်တိုင်း ဘီပါဂျွိုင်း (Biparjoy) အတွက် အရန်အသင့်ရှိမှု အခြေအနေကို သုံးသပ်ရေး အဆင့်မြင့်အစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်လျင်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပထမအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံရေးပါတီများဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇွန် ၁၂ ရက်က ကျင်းပခဲ့ပြီး အလယ်အာရှဒေသမှ အဓိကနိုင်ငံရေးပါတီများမှ ခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လန်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာ ၇၂ ခု တွင် ရှားပါးပြီး အဖိုးတန် ကျောက်တုံးပန်းချီများ အတွက် ဒစ်ဂျစ်တယ် ရုပ်ပုံ ဒေတာဘေ့စ်ကို ထူထောင်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန် ၁၂ ရက်၌ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။