ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဇူလိုင် ၂၆ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ AI ညီလာခံနှင့် AI နိုင်ငံတကာ စီမံခန့်ခွဲရေး အဆင့်မြင့်အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း...
မက်ဒရစ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းက အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်အား မန်ချက်စတာ ယူနိုက်တက်အသင်းထံမှ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်၌ အတည်ပြုခဲ့ပြီး ရက်ရှ်ဖို့ဒ်ကလည်း ၎င်း၏ အပြောင်းအရွှေ့သတင်းအား ဗီဒီယိုမှတစ်ဆင့် တရားဝင်အတည်ပြုခဲ့သည်။ ရက်ရှ်ဖို့ဒ်အနေဖြင့် လာလီဂါနှင့် ကိုပါဒယ်ရေး...
ဂျီနီဗာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၅ ခုနှစ် တတိယအကြိမ်မြောက် အထွေထွေကောင်စီ အစည်းအဝေးကို ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံဘက်က အစည်းအဝေးဆိုင်ရာ အစီအစဉ်ကို တက်ကြွစွာ သတ်မှတ်ခဲ့ပြီး...
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အနေဖြင့် တံခါးဖွင့်လှစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက်ထိန်းသိမ်းကာ မတူကွဲပြားမှုများကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်စီမံသင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။ ၂၅ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေး...
နယူးယောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်က ဖက်ဒရယ်အစိုးရနှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ကာ ဖက်ဒရယ်အစိုးရ၏ ၎င်းတက္ကသိုလ်အပေါ် သိပ္ပံသုတေသန အသုံးစရိတ်ပံ့ပိုးမှု ပြန်လည်ရရှိရန်အတွက် ကျေအေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ပေးချေသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။...
ဗလာဒီဗော့စ်တော့ခ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ကနဦးစုံစမ်းစစ်ဆေးချက်များအရ ခရီးသည်တင်လေယာဉ်က ဆင်းသက်ချိန်တွင် မြင်တွေ့နိုင်မှု အတိုင်းအတာအားနည်းခြင်း၊ လေယာဉ်ဝန်ထမ်းများ လုပ်ဆောင်ချက် မှားယွင်းခြင်းတို့သည် ဇူလိုင် ၂၄ ရက်၌ An-24 ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရသည့် အကြောင်းရင်းဖြစ်နိုင်ကြောင်း ရုရှားကယ်ဆယ်ရေးဌာန၏ သတင်းကိုကိုးကား၍ TASS သတင်းဌာနက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။...
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က နယ်စပ်ဒေသတွင် ပဋိပက္ခ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇူလိုင် ၂၄ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံအနေဖြင့် လက်ရှိကိစ္စရပ် ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား များစွာစိုးရိမ်ပူပန်မိကြောင်း၊ နှစ်ဖက်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာအား...
အစ္စတန်ဘူလ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တတိယအကြိမ်မြောက် တိုက်ရိုက်စေ့စပ်ညှိနှိုင်းပွဲ ကျင်းပခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် တွေ့ဆုံဆွေးနွေးရန်၊ အပစ်အခတ်ရပ်စဲရန် စသည့် အဓိကအကြောင်းအရာများတွင်...
ဘစ်ရှ်ကက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့များက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အတွင်း မဟာဗျူဟာမြောက် အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်လျက်ရှိကြောင်း ကာဂျစ်စတန်နိုင်ငံ ပထဝီနိုင်ငံရေးနှင့် မဟာဗျူဟာ သုတေသနအင်စတီကျု၊ ညွှန်ကြားရေးမှူး Kanatbek Aziz က မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။ “ပထဝီနိုင်ငံရေး...
ဘန်ကောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခကြောင့် ထိုင်းနိုင်ငံတွင် အရပ်သားပြည်သူ ၉ ဦး သေဆုံး၍ အရပ်သားပြည်သူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ Sisaket ပြည်နယ်ရှိ...