ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မူးယစ်ဆေးဝါး ပမာဏအများအပြားအား တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ ၁၅၀ ကီလိုဂရမ်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား...
တရုတ်နိုင်ငံ၏ လကမ္ဘာပေါ် ဆင်းသက်မည့် လူလိုက်ပါသော မစ်ရှင်သည် ကမ္ဘာမြေမှ လကမ္ဘာဆီသို့ လူလိုက်ပါသော အသွားအပြန်ခရီးစဉ်၊ လမျက်နှာပြင်ပေါ်၌ ကာလတိုနေထိုင်ခြင်း၊ လူနှင့်စက်ရုပ် ပူးပေါင်းလုပ်ဆောင်သော စူးစမ်းလေ့လာမှု စသည့် အလွန်အရေးပါသော နည်းပညာများအား ကျွမ်းကျင်ပိုင်နိုင်ရေးကို အဓိကအာရုံစိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Y0s …………………………....
(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂,၆၆၄ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၅,၄၁၂,၀၈၁ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၂၂.၁၁.၂၀၂၄ ) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ လှူဒါန်းမှုဖြင့် အခြေခံပညာအထက်တန်း ကျောင်းဆောင် ပြုပြင်မွမ်းမံမှု ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ စာသင်ကျောင်းဆောင် မွမ်းမံတည်ဆောက်ပြုပြင်မှုအတွက် တရုတ်နိုင်ငံ၏ ကူညီလှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများက မိမိတို့နိုင်ငံအတွက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ လှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟို အသင်းမှ တာဝန်ယူဆောင်ရွက်သည့် မြန်မာ-တရုတ်ချစ်ကြည်ရေး ကျောင်းဆောင် ပြုပြင်မွမ်းမံ လှူဒါန်းခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အမှတ် (၁၄)...
— ပက်ထရစ် ဗီအဲရာအား ဂျီနိုအာအသင်း နည်းပြချုပ်အဖြစ် ခန့်အပ် အာဆင်နယ်အသင်းနှင့် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းက နိုဝင်ဘာ ၂၀ ရက်၌ အတည်ပြုကြေညာခဲ့သည်။ ဂျီနိုအာအသင်းသည် ယခုနှစ်ဘောလုံးရာသီ စတင်ချိန်ကတည်းက ရုန်းကန်ခဲ့ရပြီး ယခင်နည်းပြ အယ်လ်ဘတ်တို...
ဘရာဇီးလီယား၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ သမ္မတ လူလာ နှင့် ဘရာဇီးလီယားမြို့ရှိ သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဘရာဇီး သံတမန် ဆက်ဆံရေး...
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာ ၂၀ ရက်၌ ဗီတိုအာဏာဖြင့် တစ်ဖန် ပယ်ချခဲ့ကြောင်း သိရသည်။ ထိုနေ့တွင် လုံခြုံရေးကောင်စီသည် ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်း၊ ခြွင်းချက်မရှိ ထာဝရအပစ်အခတ်ရပ်စဲရန်နှင့် ထိန်းသိမ်းခံထားရသူအားလုံးကို...
လန်ဒန်မြို့သည် ယဉ်ကျေးမှုဆိုင်ရာ ကြွယ်ဝမှု၊ ဆွဲဆောင်မှုရှိသော အထင်ကရနေရာများနှင့် တစ်ကမ္ဘာလုံးကို ဆွဲဆောင်ထားမှုကြောင့် နယူးယောက်၊ ပဲရစ်နှင့် တိုကျိုမြို့များကို ကျော်ဖြတ်၍ ကမ္ဘာ့အကောင်းဆုံးမြို့များ အဆင့်သတ်မှတ်ချက်တွင် ၁၀ နှစ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/YYU ………………………. (English Version) London ranks...
ရှန်ကျိုး-၁၉ လူလိုက်ပါအာကာသယာဉ်နှင့် လိုက်ပါသွားသော တရုတ်အာကာသယာဉ်မှူးများသည် ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံ၏ ပထမဆုံး လူလိုက်ပါနိုင်သော လက်တွေ့စမ်းသပ်မှုအာကာသယာဉ် ရှန်ကျိုး-၁ ကို အောင်မြင်စွာလွှတ်တင်နိုင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အတွက် နိုဝင်ဘာ၂၀ ရက်က ဗီဒီယိုဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်...