ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မော်စကို ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာကန့်သတ်မှုများ လုပ်ဆောင်ရန်စတင်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ဥရောပသမဂ္ဂက လုပ်ဆောင်ခဲ့သည့် ရန်လိုသောအစီအမံများအား လက်တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်အဆင့်ဒေသ ၁၅ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၃၈,၀၀၀ ကျော်သည် တရုတ်နိုင်ငံ၏ ငွေကြေးလုပ်ငန်းဆိုင်ရာ အကြီးဆုံးမြို့ကြီးဖြစ်သည့် ရှန်ဟိုင်းမြို့၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် သွားရောက်နေကြပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြေးဆွဲမှုသည် ဧပြီ ၃ ရက်အထိဆိုလျှင် လေးလရှိပြီဖြစ်ရာ စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အရေအတွက် ၂.၂၅၄ သန်း ၊ ကုန်ပစ္စည်း တန်ချိန် ၁.၃၁ သန်း ရှိခဲ့ကြောင်း ၊ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု ကဏ္ဍ...
ကွီတို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၃ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆူပူအုံကြွမှုတစ်ခုအတွင်း အကျဉ်းသား ၁၂ ဦးထက်မနည်း သေဆုံးကာ အခြား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်အာဏာပိုင်များ၏ ကနဦးအစီရင်ခံချက်အရ သိရသည်။ ယင်းဆူပူအုံကြွမှုသည် အီကွေဒေါနိုင်ငံ၌...
ဒါကာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတားကြီးကို ယခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ လမ်းတံတားတည်ဆောက်ရေးဝန်ကြီးဌာနဝန်ကြီး Obaidul Quader က ဧပြီ ၃ရက်တွင် ပြောကြားခဲ့သည်။ တံတားတည်ဆောက်ရေးစီမံကိန်းတိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ ဒါကာမြို့၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ဝန်ကြီးက အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့...
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးစတင်ပြီးနောက် အမေရိကန်စသော အနောက်နိုင်ငံများသည် ယူကရိန်းအပေါ် လက်နက်မျိုးစုံ ထောက်ပံ့ပေးခဲ့သည်။ အမေရိကန် လက်နက်ရောင်းဝယ်သူများ၏ လက်တလော ဘဏ္ဍာရေး အစီရင်ခံစာတွင် ယင်းအကျိုးအမြတ်များရရှိမှု အခြေအနေ သိသိသာသာ ပေါ်လွင်ခြင်းမရှိသော်လည်း ရေရှည်တွင် နိုင်ငံ့ကာကွယ်ရေးအင်အား တိုးမြှင့်လိုသော နိုင်ငံများထံမှ...
ဟဲဖေ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အလည်အပတ်ရောက်ရှိလာသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ် Tunxi ဒေသ၌ ဧပြီ ၃ ရက်တွင် ဆွေးနွေးပွဲ...
ဟောင်ကောင် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း(Carrie Lam ) က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဌမ-သက်တမ်းအုပ်ချုပ်ရေးမှူးရာထူးအတွက် လာမည့်ရွေးကောက်ပွဲတွင် သူ(မ)အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ယနေ့ ဧပြီ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရာထူးအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကာလကို...
ကဘူးလ် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တာလီဘန်ထိပ်တန်းခေါင်းဆောင် Haibatullah Akhundzada က အာဖဂန်နစ္စတန်နိုင်ငံတွင် ဘိန်းပင်စိုက်ပျိုးခြင်း နှင့် ဘိန်းဖြူထုတ်လုပ်ခြင်းကို ပိတ်ပင်တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်အား ဧပြီ ၃ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း တာလီဘန်ဦးဆောင်သော အိမ်စောင့်အစိုးရအဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်ထိပ်တန်းခေါင်းဆောင်က နိုင်ငံအတွင်း ဘိန်းပင်စိုက်ပျိုးခြင်း...