ချုံချင့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ကုန်း-ရေ နှစ်သွယ် ချိတ်ဆက်ထားသော လမ်းကြောင်းသစ်တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့အဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီးသည် ဧပြီ ၂ ရက်က ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ ပထမဆုံး စတင်ထွက်ခွာခဲ့သည်။ ၎င်းသည် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားရောက်မည့် လမ်းကြောင်းသစ်ကို...
မော်စကို၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာမြို့အနီးရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လောင်စာဆီသိုလှောင်ရုံ ၃ ခုကို ရုရှားစစ်တပ်က ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ယင်းနေ့တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း ပေါက်ကွဲလာခြင်းသည် တစ်နေ့တစ်ည တစ်ရက်တည်းကြောင့် မဟုတ်ဘဲ၊ ကာလကြာရှည် ဖြစ်တည်လာသည့် အကြောင်းတရားများကြောင့် ဖြစ်သည်။
အစ္စလာမ်မာဘတ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အင်မရန်ခန်းအပေါ် အတိုက်အခံမဟာမိတ်များက တင်သွင်းလာသော အယုံအကြည်မရှိအဆိုသည် ဝန်ကြီးချုပ်အား ဆန့်ကျင်သည့်လှုပ်ရှားမှုတွင် နိုင်ငံခြားသားခြေရာလက်ရာများ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌက ပယ်ချလိုက်ကြောင်း သိရသည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ထိန်းချုပ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ဧပြီ ၂ ရက်တွင် ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) “ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ အမေရိကန်နိုင်ငံဟာ သူ့ကိုယ်သူ ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံအဖြစ် တည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းခဲ့ပါတယ် ။ အီရတ် ၊ ယူဂိုဆလားဗီးယား ၊ အာဂဖန်နစ္စတန် နဲ့ အခြားနိုင်ငံပေါင်းများစွာမှာ မရေမတွက်နိုင်တဲ့စစ်ပွဲတွေ ဆင်နွှဲရင်း အမေရိကန်ဗိုလ်ကျစိုးမိုးရေးဝါဒအတွက် ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို သုတ်သင်ရှင်းလင်းခဲ့ပါတယ်”...
ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက်အား ဧပြီ ၁ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the...
ရှန်ဟိုင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ မကြာသေးခင်က COVID-19 ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကို ကာကွယ်ထိန်းချုပ်ရန် ကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ယနေ့ ဧပြီ ၃ ရက်တွင် မြို့လုံးကျွတ် ခန္ဓာကိုယ် ခုခံအားစနစ်စစ်ဆေးမှု နှင့် မနက်ဖြန် ဧပြီ ၄ ရက်တွင် နျူကလိစ်အက်စစ်ဆေးမှုများ...
ပေကျင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ကမ္ဘာကြီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြင့်ရင်ဆိုင်ကြုံတွေ့နေရခြင်း ၊ စီးပွားရေးပြန်လည်နလံထူရန် အားလျော့မှုတစ်ခုဖြစ်ပေါ်နေခြင်း နှင့် ယူကရိန်းအကျပ်အတည်းဖြစ်ပွားနေခြင်းတို့ကြောင့် တရုတ်နိုင်ငံ နှင့် ဥရောပ(အီးယူ)ခေါင်းဆောင်များသည် ပြီးခဲ့သောသောကြာနေ့(ဧပြီ ၁ ရက်)တွင် ဗီဒီယိုလင့်ခ်ဖြင့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသည် တရုတ်-ဥရောပ ဆက်ဆံရေး၏ အရေးပါပုံကို...
ဗီယင်ကျန်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ထိုင်းနိုင်ငံမှ အသီးအနှံများအား လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမြို့မှ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း သိရသည်။