နန်နင်း ၊ မတ် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက်တွင် ပျက်ကျသွားခဲ့သည့် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း၏ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၃၂ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မတ် ၂၁ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ်...
(English Version) “Many Ukrainian refugees will wish to stay in Europe, closer to their homes.” U.S. President brought this up before announcing accepting 100,000 Ukrainians...
မနီလာ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် မြေငလျင်ပညာဆိုင်ရာအဖွဲ့အစည်းက မနီလာမြို့အနီး Taal မီးတောင်မှာ “မငြိမ်သက်မှု မြင့်တက်လာသဖြင့်” မတ် ၂၆ ရက်၌ သတိပေးချက်အဆင့် မြှင်တင်ခဲ့ကြောင်း သိရသည်။
နယူးယောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ဆွေးနွေးမှုကို နှောင့်နှေးစေရန် ရည်ရွယ်လုပ်ဆောင်နေပြီး ရုရှား-ယူကရိန်းအနေဖြင့် အဓိကနိုင်ငံရေးကိစ္စရပ်များတွင် တိုးတက်မှုမရှိဘဲ ရပ်တန့်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက် Vladimir Medinsky က မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတ ယွန်းဆက်ယို (Yoon Suk-yeol) နှင့် မတ် ၂၅ ရက် မွန်းလွဲပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့သည် အမေရိကန်မှ ဥရောပသို့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု တိုးချဲ့လုပ်ဆောင်ခြင်းနှင့် သန့်စင်စွမ်းအင်သို့ အရှိန်မြှင့်တင် ပြောင်းလဲပြီး ဥရောပသမဂ္ဂ စွမ်းအင်လုံခြုံရေးကို ကာကွယ်သည့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို မတ် ၂၅ ရက်တွင်ကြေညာခဲ့သည်။
ကိဗ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အလွန်ခက်ခဲသည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောကြားခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံနှင့် ဒေသများထံသို့ လွှဲပြောင်းနိုင်သည့် ငွေကြေးစီးဆင်းမှုအပေါ် ကန့်သတ်မှုများ ပြဋ္ဌာန်းလိုက်ကြောင်း ဗဟိုဘဏ်က မတ်၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး အဓိကတာဝန်မှာ ယေဘူယျအားဖြင့် ပြီးစီးသွားပြီဖြစ်ကြောင်း ရုရှား စစ်တပ်က မတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။
ပြုံယမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံက မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မတ် ၂၄ ရက်က အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Korean Central News Agency (KCNA) က မတ် ၂၅ ရက်၌...