ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) မကြာသေးမီလများက အမေရိကန်၏ အီရန်ရေနံတင်သင်္ဘောများ ထိန်းချုပ်ခြင်းလုပ်ဆောင်ချက်သည် အီရန်၏ရေနံတိုးမြှင့်တင်ပို့မှုကို ဟန့်တားနိုင်ခဲ့ခြင်းမရှိကြောင်း အီရန် ရေနံစွမ်းအင်ဝန်ကြီး Javad Ogi က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် အီရန်ရေနံတင်ပို့မှုအား ဟန့်တားရန်အတွက် လွန်ခဲ့သည့်လအနည်းငယ်က အီရန်ရေနံတင်သင်္ဘောများအပေါ် ကျူးလွန်မှုများစွာ...
ရီယာ့ဒ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသည် အကြမ်းဖက်မှု ၊ သူလျှိုမှု နှင့် လူသတ်မှု အပါအင် စွဲချက်အမျိုးမျိုးဖြင့် ပြစ်မှုထင်ရှားအကျဉ်းသား ၈၁ ဦးအား သေဒဏ်စီရင်ကွပ်မျက်ကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါကျူးလွန်သောပြစ်မှုများထဲတွင် အစိုးရအမှုထမ်း နှင့် အရေးပါသော...
ပေကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လာမည့် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ချန်အဲ-၆ (Chang’e-6 ) ၊ ချန်အဲ-၇ ( Chang’e-7 ) ၊ ချန်အဲ-၈ (Chang’e-8) လသွားယာဉ်များနှင့်အတူ “လ” မျက်နှာပြင်စူးစမ်းလေ့လာရေးခရီးစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ၏...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မတ် ၁၁ ရက်တွင် ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ အမေရိကန်သမ္မတ ဘိုင်ဒန်က ပိတ်ဆို့အရေးယူမှုအသစ်သည် ရုရှားစီးပွားရေးအပေါ် ပြင်းထန်သည့် ထိုးနက်ချက်ဖြစ်မည်ဟု ကြေညာခဲ့ရာ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်စျေးနှုန်း မြင့်မားမှုကို သာမန်စားသုံးသူများ...
ပေကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် ယူကရိန်းနိုင်ငံ ကြက်ခြေနီအသင်းသို့ ဒုတိယအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့များပေးပို့ခဲ့ကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။ အစားအစာ ၊ အိပ်ယာလိပ်များ နှင့် အစိုဓာတ်ခံနိုင်သည့် ကတ်ပြားများ ပါဝင်သော ထပ်မံပေးပို့ခဲ့သည့် အထောက်အပံ့အသစ်များသည် မတ်...
Irpin၊ မတ် ၁၃ ရက် (ဆင်ဟွာ) ယူကရိန်းသည် ဇာပိုရေဇီးယား၊ မရီဥပိုလ်၊ ကိဗ်၊ Sumy စသည့်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းများဖွင့်လှစ်ထားပြီး မတ် ၁၁ ရက်တွင် လူပေါင်း ၇,၁၄၄ ဦးကို ဘေးလွှတ်ရာသို့ ထွက်ခွာရန် ကူညီပေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က...
နယူးဒေလီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့၌ မတ် ၁၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားပြီးနောက် လူ ၇ ဦးထက်မနည်း မီးလောင်ကျွမ်းသေဆုံးသွားခဲ့ကြောင်း ဒေလီမီးသတ်ဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ဒေလီမြို့ အရှေ့မြောက်ပိုင်း Gokalpur ကျေးရွာအနီးရှိ တဲအိမ် ၆၀...
မော်စကို ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် သိပ်မကြာမီအချိန်အတွင်း အနောက်နိုင်ငံများမှ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က မတ် ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ “ စာရင်းတွေက အဆင်သင့်ဖြစ်နေပါပြီ” ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ryabkov...
မော်စကို ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန် ၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိုလတ်ဖ်ရှိုလ့်ဇ် တို့နှင့်အတူ မတ် ၁၂ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ပြီး ထိုထို့ဆက်သွယ်စဉ် ပူတင်က ယူကရိန်း “ အမျိုးသားရေး တပ်ရင်းတပ်ဖွဲ့များ” ၏ “ ရာဇဝတ်မှုကျူးလွန်နေခြင်းများ” ရပ်တန့်ရေးအတွက်...
ဖနွမ်းပင်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသားအမျိုးသားတစ်ဦးနှင့် ၎င်းနှင့်အတူကြံရာပါဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး ၄၃ ကီလိုဂရမ်နီးပါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့က မတ် ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။