Culture
တရုတ် ရုပ်ရှင်ပွဲတော်အား တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခု၌ ရက်သတ္တပတ် အကြာ ကျင်းပ ပြုလုပ် သွားမည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး ကျင်းပသည့် တရုတ်ရုပ်ရှင်ပွဲတော်ကို တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခု၌ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက် အထိ ပြသသွားမည် ဖြစ်ကြောင်း တရုတ်သံရုံးမှ သိရသည်။
ပြသမည့်တရုတ်ဇာတ်ကားများမှာ Xuan Zang၊ Kung Fu Yoga၊ Detective China Town နှင့် Go away Mr.Tumor တို့ ဖြစ်ပြီး ရုပ်ရုင်ဇာတ်ကားများကို မြန်မာ နောက်ခံ စကားပြောဖြင့် တင်ဆက်ပြသသွားမည် ဖြစ်ကြောင်း ၊ ရုပ်ရှင် လက်မှတ် များကို ပွဲမစမီ ၁ နာရီအလိုမှစ၍ ဦးရာလူစနစ်ဖြင့် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
တရုတ် ရုပ်ရှင်ပွဲတော်ကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် စသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် ၁၂ ခု၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယခင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း တရုတ် ရုပ်ရှင် ပွဲတော်အား နေပြည်တော် အောင်သပြေ ရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံတို့၌လည်း ကျင်းပ ပြုလုပ်ခဲ့သည်။(Xinhua)