Connect with us

Culture

တရုတ် နိုင်ငံ ထိပ်တန်း စားဖိုမှူး များ လာရောက် ချက်ပြုတ်ပေးသည့် ပထမ အကြိမ် တရုတ် အစားအစာ ပွဲတော် ရန်ကုန် မြို့တွင် ကျင်းပ

ပထမ အကြိမ် "Spring Line" တရုတ် အစားအစာ ပွဲတော် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ထိပ်တန်း စာဖိုမှူး များ လာရောက် ချက်ပြုတ်ပေးပြီး အစားအစာ သမိုင်းကြောင်းများ နှင့် ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းအရာ များ ပါဝင် ပြသသွားမည့် ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ အရာရှိကြီးများ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် (Mr.Tian Shanting) နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ နိုင်ငံခြား အသီးသီး သံရုံး မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ တရုတ်-အာဆီယံ စင်တာ ပညာရေး ၊ ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ဌာန ဒုတိယ ဌာနမှူး မစ္စတာ ဆွန်းကျန့်ဟွာ(Mr.Sun Jianhua) ၊ Park Royal Hotel (yangon) အထွေထွေ မန်နေဂျာ Mr.Mark Losi ၊ Beijing Min Zu ဟိုတယ် အထွေထွေ မန်နေဂျာ မစ္စ ရှမင်ဟွေး (Ms.Xia Minhui) ၊ မြန်မာ နိုင်ငံ ရှိ အသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မစ္စတာ ဆွန်းကျန့်ဟွာ က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၈ ခုနှစ် သည် အာဆီယံ-တရုတ် မဟာဗျူဟာ ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၁၅ နှစ်မြောက် နှစ်ဖြစ်ပြီး တရုတ်-မြန်မာ အစားအစာပွဲတော် များ ကျင်းပခြင်း သည် ယဉ်ကျေးမှု ဖလှယ်ရေး အတွက်သာ မဟုတ်ဘဲ အာဆီယံ-တရုတ် ဆက်ဆံရေး တိုးမြှင့်ရေး အတွက်ပါ ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း ၊ တရုတ်အစားအစာပွဲတော် ကို ယနေ့ မှ စ၍ တရုတ် ရိုးရာ နှစ်သစ်ကူး ပွဲတော် အချိန်အခါ ထိ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ အစားအစာ ပွဲတော် ကိုလည်း ယခုနှစ်အတွင်း ပေကျင်းမြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ပေကျင်း မြို့၌ ကျင်းပ သည့် ပွဲတော် မှ တစ်ဆင့် မြန်မာ့ အစားအစာ များကို တရုတ် နိုင်ငံ ပြည်သူလူထု အား မိတ်ဆက်ပေးမည့် အပြင် မြန်မာ့ ယဉ်ကျေးမှု ၊ အနုပညာ နှင့် ခရီးသွား လုပ်ငန်းများကိုလည်း မိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ အစားအစာ ပွဲတော် ကျင်းပခြင်း မှ ရရှိခဲ့သည့် အတွေ့အကြုံများ မှ တစ်ဆင့် အနာဂတ် တွင် တရုတ် နိုင်ငံ နှင့် အခြား နိုင်ငံ များအကြား အလားတူ ယဉ်ကျေးမှု ဖလှယ်ခြင်းများ ဆောင်ရွက်မှု ကို မြှင့်တင်သွား နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-အာဆီယံ စင်တာ ပညာရေး ၊ ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ဌာန ဒုတိယ ဌာနမှူး မစ္စတာ ဆွန်းကျန့်ဟွာ အဖွင့် အမှာအစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

Park Royal Hotel (Yangon) အထွေထွေ မန်နေဂျာ Mr.Mark Losi ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

Beijing Min Zu ဟိုတယ် အထွေထွေ မန်နေဂျာ မစ္စ ရှမင်ဟွေး (Ms.Xia Minhui) ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် အား လာရောက် ချက်ပြုတ်ပေးသည့် တရုတ် နိုင်ငံ ထိပ်တန်း စားဖိုမှူး များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် က အဖွင့်အမှာစကား ပြောကြားရာတွင် ယခု ကဲ့သို့သော ပွဲ ကျင်းပခြင်း သည် တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍ ၏ အခန်းကဏ္ဍ အသစ် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ ၏ အစားအစာ များမှ တစ်ဆင့် ၎င်းနိုင်ငံ ၏ ယဉ်ကျေးမှု ၊ အတွေးအခေါ် နှင့် ဓလေ့စရိုက်များကိုလည်း သိရှိနိုင်ကြောင်း ၊ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်း တွင် တရုတ် နိုင်ငံ ပေကျင်း မြို့တွင် မြန်မာ့ အစားအစာ ပွဲတော် ကျင်းပ ရန် ရည်ရွယ်ထားကြောင်း ၊ ယခု ကဲ့သို့ သော ပွဲတော် များ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု အား တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ခြင်း ၏ အခြေခံ သဘောသဘာဝ များကို သိရှိ နားလည်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး နှင့် ပတ်သက်၍ ကဏ္ဍအသီးသီး တွင် ဆောင်ရွက်နေကြပြီး မြန်မာ နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု လမ်းကြောင်း တစ်လျှောက် တွင် ပါဝင် သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ ယခု ကျင်းပ သည့် တရုတ်အစားအစာ ပွဲတော် သည် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံများအကြား ယဉ်ကျေးမှု ဖလှယ်ရေး ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ထို့ကြောင့် မြန်-တရုတ် ချစ်ကြည်ရေး အသင်း အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင် တစ်ထောင့်တစ်နေရာ မှ ပါဝင်ခွင့် ရရှိခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း ၊ ယခု ပွဲဖြစ်မြောက်ရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ အားပေးထောက်ခံခဲ့သည့် သက်ဆိုင်ရာ ဌာန အသီးသီး အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက် သူများက ကျေးဇူးတင်စကား ပြောကြား ရာတွင် Park Royal Hotel (Yangon) အထွေထွေ မန်နေဂျာ Mr.Mark Losi က ယခု ပွဲတော်ကိုကျင်းပရသည့် ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံအတွက် ချစ်ကြည်ရေး ပေါင်းကူးတံတား သဖွယ် ဖြစ်တည်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ Beijing Min Zu ဟိုတယ် အထွေထွေ မန်နေဂျာ မစ္စ ရှမင်ဟွေး (Ms.Xia Minhui) က ကျေးဇူးတင် စကားပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံ များဖြစ်ကြသည့် အတွက် ယခု နှစ်တွင် မြန်မာနိုင်ငံရှိ Park Royal ဟိုတယ် နှင့် ပူးပေါင်း ကာ တရုတ် နိုင်ငံ မှ ကောင်းမွန်သည့် တရုတ် ရိုးရာ အစားအစာ များကို မြန်မာ နိုင်ငံ ပြည်သူလူထု ထံသို့ တင်ဆက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် အစားအစာ ပွဲတော် ကျင်းပ ရသည့် ရည်ရွယ်ချက် သည် မြန်မာ နိုင်ငံ ရှိ ပြည်သူလူထုများ နှင့် မြန်မာ နိုင်ငံ သို့ရောက်ရှိနေသည့် နိုင်ငံအသီးသီး မှ လူထု တို့အား တရုတ် ရိုးရာအစားအစာ များနှင့် တရုတ် အစားအစာ သမိုင်းအစဉ်အလာ ယဉ်ကျေးမှု တို့ကို တင်ဆက်ပေးလို၍ ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ် အစားအစာ ပွဲတော်ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ကို တိုးမြှင့်ပေး နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့ ထိတွေ့ဆက်ဆံစေမည့် ပွဲတော် တစ်ခု ဖြစ်ရန် ရည်ရွယ်၍ ကျင်းပ ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ကို တရုတ်-အာဆီယံ စင်တာ မှ ဦးဆောင် ကျင်းပ ပေးခဲ့ခြင်းဖြစ်ပြီး Beijing Min Zu ဟိုတယ် နှင့် Park Royal Hotel (Yangon) တို့ မှ ပူးတွဲ ကျင်းပ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ “Spring Line” တရုတ် အစားအစာ ပွဲတော် အား ဖေဖော်ဝါရီ ၂ ရက် မှ ၁၇ ရက်နေ့ အထိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.