Connect with us

Culture

ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲ တွင် ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်

One Belt One Roadနိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲ အမှတ်တံဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ-ပြပွဲ ကော်မတီ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲအား ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက် အထိ ယူနယ် ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲ၌ ကျင်းပမည် ဖြစ်ရာ ပြပွဲတွင် ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ပြပွဲ ကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။

ယခု ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲသည် ဆွေးနွေး ဖလှယ်ခြင်း ၊ ပူးပေါင်း ဆောင်ရွက်ခြင်း ၊ ဖွံ့ဖြိုး တိုးတက်ခြင်းကို အဓိက ရည်မှန်းကြောင်း သိရသည်။

ထို့အတူ ရုပ်ရှင် အလုပ်လုပ်သူ နှင့် ဝါသနာပါသူများ၏ အသစ် တီထွင်နိုင်ခြင်း ၊ အစစ်အမှန် ဖော်ပြခြင်း ၊ နိုင်ငံ(သို့မဟုတ်)နေရာ ဒေသ အဘက်ဘက်၏ ယဉ်ကျေးမှု ၊ နိုင်ငံတကာ ယဉ်ကျေးမှု အနုပညာ တိုးတက်စေရေး အတွက် ဆွေးနွေး ဖလှယ်ခြင်း ၊ ပွဲအတွင်း ကျွမ်းကျင် ပညာရှင်များ၏ တရားမျှတ ပွင့်လင်းမှန်ကန်သော စနစ်ဖြင့် ရုပ်ရှင်ပွဲ အဆင့်ဝင်သော ဇာတ်လမ်းတိုများကို ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဗီဒီယိုဖိုင်များကို [email protected] သို့ပေးပို့နိုင်ကြောင်း သိရသည်။

ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲအား ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက် အထိ ကျင်းပ သွားမည် ဖြစ်ရာ ထူးချွန်သော ရုပ်ရှင်တိုကို ပရဟိတ အဖြစ် အခမဲ့ ပြသခြင်းများအား မတ်လ ၁ ရက်မှ မတ်လ ၃၁ ရက် အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲ အဆင့်ဝင်သည့် ရုပ်ရှင်တိုများကို SatelliteTV/အင်တာနက် အစရှိသော မီဒီယာ လမ်းကြောင်းဖြင့် ပရဟိတ အဖြစ် အခမဲ့ ပြသသွားမည် ဖြစ်သည့် အပြင် အဆင့်ဝင် ရုပ်ရှင်တိုများအား ဆုများ ပေးအပ် ချီးမြှင့်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် “One Belt One Road” နိုင်ငံတကာ ရုပ်ရှင် မှတ်တမ်းတို တက်ဟုန်း ရုပ်ရှင် ပြပွဲ အတွက် ပူးပေါင်း ပါဝင်ကြရန် ၂၀၁၂ ခုနှစ် နောက်ပိုင်း ပြီးစီးသည့် ၂၅ မိနစ် အတွင်း ရှိသော ရုပ်ရှင် မှတ်တမ်းတို များအား ဖေဖော်ဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက် အထိ စုဆောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုရုပ်ရှင် ပြပွဲအား တရုတ်ပြည် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ တရုတ်ပြည် ရုပ်သံ သတင်းစာ ပုံနှိပ် ထုတ်ဝေရေး ဗဟိုဌာန ညွှန်ကြားရေးရုံး ၊ ယူနန် ပြည်နယ် ယဉ်ကျေးမှု ဌာန ၊ ယူနန် ပြည်နယ် သတင်းစာ ပုံနှိပ် ထုတ်ဝေရေး ဌာန ၊ ယူနယ် ပြည်နယ် အသံလွှင့် ရုပ်မြင်သံကြား ဌာန ၊ တရုတ်ပြည် တက်ဟုန်း ပြည်နယ်ခွဲ ကွန်မြူနစ် ပါတီ ကော်မတီ ၊ တက်ဟုန်း ပြည်နယ်ခွဲ ပြည်သူ့အစိုးရ ပူးပေါင်း၍ ဦးစီး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ တရုတ်ပြည် ကွန်မြူနစ် ပါတီ ကော်မတီ တက်ဟုန်း ပြည်နယ်ခွဲ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီး သက်ဆိုင်ရာ နိုင်ငံ သံရုံး၏ ထောက်ခံမှုဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)