Culture
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ အာဆီယံ-တရုတ် လူငယ်များ ယဉ်ကျေးမှုဖလှယ်ပွဲသို့ သွားရောက်မည့် ကျောင်းသား/သူများအား တွေ့ဆုံဂုဏ်ပြု

ရန်ကုန် ဇူလိုင် ၃၀ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ပြုလုပ်မည့်3rd ASEAN-China Youth Cultural Exchange Festival(ACYCEF)သို့ သွားရောက်မည့် မြန်မာ နိုင်ငံ မှ ကျောင်းသား/သူများကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ ယနေ့ရန်ကုန်မြို့၌ ပြုလုပ်သော ဂုဏ်ပြုညစာစားပွဲအခမ်းအနား သို့တတ်ရောက်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဝမ်းမြောက်စကား ပြောကြားရာတွင် ယခုအခမ်းအနားသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား သံအမတ် ခန့်အပ်လွှာ ပေးခဲ့ပြီး ပထမဆုံး တတ်ရောက်သည့် အခမ်းအနား ဖြစ်ပါသည်။လူငယ်သည် မိမိတို့၏ အနာဂတ် ဖြစ်သကဲ့သို့တရုတ်-မြန်မာ ချစ်ကြည်ရေး၏ အနာဂတ် ဖြစ်သည်။မိမိတို့နှစ်နိုင်ငံသည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို တည်ဆောက် ထားရှိခဲ့ပါသည်။ဘက်စုံဆိုရာတွင် နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။ယင်းအခန်းကဏ္ဍများတွင် အရေးကြီးဆုံးမှာ လူငယ်ပူးပေါင်း ဆက်ဆံရေး ဖြစ်ပါသည်။မဟာဗျုဟာ ဆိုသည်မှာ အနာဂတ် ဖြစ်ပြီး ရေရှည် ဖွံ့ဖြိုးတိုးတတ်ရေး ဖြစ်ပါသည်။ယနေ့အခမ်းအနား တတ်ရောက်သည့် အဓိက ရည်ရွယ်ချက်က ဆက်ဆံရေး အနာဂတ် အတွက် ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။
ထိုပြင် 3rd ASEAN-China Youth Cultural Exchange Festival(ACYCEF)သို့ သွားရောက်မည့် ထူးချွန်ကျောင်းသား/သူများကို့မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဂုဏ်ပြုလက်ဆောင်များပေး၍ ရင်းရင်းနှီးနှီး နူတ်ဆက်ခဲ့သည်။
အာဆီယံ-တရုတ် လူငယ်များ ယဉ်ကြေးမှုဖလှယ်ပွဲသို့ သွားရောက်မည့် ကျောင်းသား/သူများနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ(ဆင်ဟွာ)
တရုတ် ပြည်သူ့သမ္မတနိုင်ငံ Changzhou မြို့၌ ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၅ ရက်အထိ ကျင်းပပြုလုပ်မည့် 3rd ASEAN-China Youth Cultural Exchange Festival(ACYCEF)သို့ ရန်ကုန် ၊ မုံဒုံ ၊ ရွေတောင် ၊ စစ်တွေ ၊ မန္တလေး ၊ တနသာၤရီ ၊ ဧရာဝတီ ၊ ရှမ်း ၊ နေပြည်တော်တို့မှ ကျောင်းသား/သူ ၁၂ ဦးအား ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူ ဖြစ်ခြင်း ၊ အင်္ဂလိပ်စကား ပြောတတ်သူ ၊ တိုင်းရင်းသား ရိုးရာ ယှဉ်ကျေးမှု နားလည်တတ်ကျွှမ်းသူ ၊ မြန်မာဂီတ သီချင်း ၊ ပန်းချီ ၊ အနုပညာယဉ်ကျေးမှုကို နားလည်တတ်ကျွှမ်းသူ စသည့် အချက်များဖြင့် စံထားသတ်မှတ်၍ ရွေးချယ်ခဲ့ကြောင်း သိရသည်။(Xinhua)
