Connect with us

Culture

တရုတ် ဝူရှူး သိုင်းပညာသင်တန်းကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ တရုတ်ကိုယ်ခံပညာ သို့မဟုတ် ဝူရှူး သင်တန်းအစီအစဉ် စတင်သည့် အခမ်းအနားတွင် ကိုယ်ခံပညာရှင်တစ်ဦး သရုပ်ပြနေမှုကို ၂၀၂၃ ခုနှစ်၊ မတ် ၆ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်ကျေးမှုနှင့် ပြည်သူမှ ပြည်သူသို့ ဖလှယ်မှု ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းမှုတွင် တရုတ် ကိုယ်ခံပညာ သို့မဟုတ် ဝူရှုး သိုင်းပညာသင်တန်းကို မတ် ၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ နှင့် FSSL (Myanmar) Services Limited တို့ ပူးပေါင်း၍ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာစေရန်နှင့် မြန်မာသင်တန်းသားများ၏ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများ ကျယ်ပြန့်လာစေရန်ရည်ရွယ်၍ သုံးလတာ နွေရာသီသင်တန်းကို ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ကိုယ်ခံပညာ သို့မဟုတ် ဝူရှူးသင်တန်းအစီအစဉ် စတင်ခြင်းအခမ်းအနားတွင် အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်ကူးနေမှုကို ၂၀၂၃ ခုနှစ်၊ မတ် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အသက် ၁၀ နှစ်မှ ၅၀ နှစ်ကြား သိုင်းပညာသင်တန်းသား စုစုပေါင်း ၃၃ ဦးသည် မတ်လ ၇ ရက်မှ မေလ ၃၀ ရက်အထိ တရုတ်ယဉ်ကျေးမှုစင်တာတွင် သင်တန်းတက်ရောက်မည်ဖြစ်သည်။

အဆိုပါ လေ့ကျင့်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ခံ Xu Ling က စင်တာဖွင့်လှစ်ပြီးကတည်းက ပထမဆုံး ဝူရှူးနှင့် ထိုက်ကျီသင်တန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းတက်ရောက်နေသော သိုင်းပညာသင်တန်းသားများသည် တရုတ်ရိုးရာယဉ်ကျေးမှုကို နားလည်လာပြီးနောက် ကျန်းမာရေးအတွက် နည်းစနစ်မှန်ကန်သော နေထိုင်မှုပုံစံကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း Xu က ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.