Connect with us

Culture

“အရောက်လှမ်းလာ တရုတ်ယဉ်ကျေးမှုစင်တာ ၊ ကြိုဆိုနွှဲပျော် ရိုးရာယွမ်ရှောင်းပွဲတော်” စုံညီပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသော “အရောက်လှမ်းလာ တရုတ်ယဉ်ကျေးမှုစင်တာ ၊ ကြိုဆိုနွှဲပျော် ရိုးရာယွမ်ရှောင်းပွဲတော်” စုံညီပွဲအခမ်းအနားတွင် အကဖျော်ဖြေတင်ဆက်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

၂၀၂၃ ခုနှစ်၏ ယွမ်ရှောင်းပွဲတော်အခါသမယတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူအချင်းချင်း အပြန်အလှန် သိကျွမ်း နားလည်စေရေး နှင့် ရိုးရာမပျက် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ နှင့် Joy Chinese Language Centre တို့အတူ ပူးပေါင်း၍ “အရောက်လှမ်းလာ တရုတ်ယဉ်ကျေးမှုစင်တာ ၊ ကြိုဆိုနွှဲပျော် ရိုးရာယွမ်ရှောင်းပွဲတော်” စုံညီပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့ ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ယွမ်ရှောင်းပွဲတော်(တရုတ်ရိုးရာမီးထွန်းပွဲတော်)သည် တရုတ်ရိုးရာပွဲတော်တစ်ခု ဖြစ်ပြီး မီးပုံးများကို ကြည့်ရှုခံစားခြင်း ၊ “ထန်ယွမ်” ခေါ် မုန့်လုံးရေပေါ် သုံးဆောင်ခြင်း ၊ မီးပုံးစကားထာ ဖြေဆိုခြင်း ၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း အစရှိသည့် ရိုးရာဓလေ့လှုပ်ရှားမှုများကို ပြုလုပ်ကြကာ တရုတ်နွေဦးနှစ်သစ်ကူးကို ဂုဏ်ပြုကြိုဆိုမှု၏ အဆက်လည်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသော စုံညီပွဲအခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling ၊ Myanmar Chinese Youth Chamber of Commerce ဥက္ကဋ္ဌ ဦးနေလင်းမောင် နှင့် Joy Chinese Language Centre မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့ရည်ဖြိုးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး ကြွရောက်လာကြသည့် ဧည်သည်တော်များထံသို့ နှုတ်ခွန်းဆက်စကား နှင့် ဆုတောင်းစကားများ ပေးပို့ခဲ့ကြကာ နောက်နောင်တွင်လည်း မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တက်ကြွစွာ ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြကြောင်း သိရသည်။

Myanmar Chinese Youth Chamber of Commerce ဥက္ကဋ္ဌ ဦးနေလင်းမောင်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသော စုံညီပွဲအခမ်းအနားတွင် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

“ရိုးရာယွမ်ရှောင်းပွဲတော်က ယွမ်ရှောင်းဆိုတဲ့ မိန်းကလေးကနေပြီးတော့ သူရဲ့ မိဘတွေနဲ့ တွေ့ဆုံခွင့် ရချင်တာကြောင့် စတင်ဖြစ်ပေါ်လာတယ်လို့ အဆိုရှိပါတယ်။ ယွမ်ရှောင်းပွဲတော်ကလဲ မြန်မာရိုးရာ ပွဲတော်များဖြစ်တဲ့ သီတင်းကျွတ် ၊ တန်ဆောင်မုန်း မီးထွန်းပွဲတော်များနဲ့လဲ ဆင်တူပါတယ် ။ မိဘကို ရိုသေလေးစား ဦးထိပ်ထားကာ တူစုံညီစွာ မီးပုံးလွှတ် မီးထွန်းကာ ဆင်နွှဲကြတဲ့ ပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ ယွမ်ရှောင်းပွဲတော်မှာ မုန့်လုံးရေပေါ်စားခြင်းကလဲ ဆုံစည်းခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ စားသုံးခြင်း ဖြစ်ပါတယ်။ မုန့်လုံးရေပေါ်ဓလေ့ကလဲ မြန်မာနှစ်ကူး ရိုးရာအစားအစာနဲ့ နီးနီးစပ်စပ် တူညီနေပြန်ပါတယ်။”ဟု Joy Chinese Language Centre မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့ရည်ဖြိုးက ပြောကြားခဲ့သည်။

Joy Chinese Language Centre မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့ရည်ဖြိုးက ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသော စုံညီပွဲအခမ်းအနားတွင် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ “အရောက်လှမ်းလာ တရုတ်ယဉ်ကျေးမှုစင်တာ ၊ ကြိုဆိုနွှဲပျော် ရိုးရာ ယွမ်ရှောင်းပွဲတော်” စုံညီပွဲအခမ်းအနားနှင့်အတူ “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲ + “ဆုံစည်းပျော်မြူးတရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတို့ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသော “အရောက်လှမ်းလာ တရုတ်ယဉ်ကျေးမှုစင်တာ ၊ ကြိုဆိုနွှဲပျော် ရိုးရာယွမ်ရှောင်းပွဲတော်” စုံညီပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းအခမ်းအနားတွင် “အတိတ်နေ့ရက်များဆီ” ယွမ်ရှောင်းရိုးရာပွဲတော်အက ဗီဒီယို ၊ ယွမ်ရှောင်းပွဲတော်ဆိုင်ရာ “အရသာစွဲမက်ဖွယ် ဟယ်နန်အစားအစာများ” ဗီဒီယို နှင့် “XIN NIAN TU TU TU” အကဖျော်ဖြေတင်ဆက်မှုများကို ရှုစားခြင်း ၊ မီးပုံးစကားထာ ဖြေဆိုခြင်း ၊ ယွမ်ရှောင်းပွဲတော်ဓလေ့ နှင့် ယွမ်ရှောင်းပွဲတော် ယဉ်ကျေးမှုအကြောင်း ဦးသူဖြေစနစ် အမေးအဖြေ ကဏ္ဍ ၊ မီးပုံးပြုလုပ်ခြင်း နှင့် အန်ပေါင်းစက္ကူခေါက်ခြင်း အစရှိသည့် လက်မှုပညာရပ်များကို လေ့လာသည့် အစီအစဉ် ၊ “ယုန်နှစ်မင်္ဂလာ-တရုတ်(၁၂)ရာသီခွင် ယဉ်ကျေးမှုပြပွဲ” လေ့လာခြင်း နှင့် ယွမ်ရှောင်းပွဲတော် ရိုးရာအစားအစာများ မြည်းစမ်းသုံးဆောင်ခြင်း အစရှိသည့် အစီအစဉ်များမှတစ်ဆင့် ဧည့်ပရိတ်သတ်အသီးသီးတို့ကို ယွမ်ရှောင်းပွဲတော် ရိုးရာဓလေ့ နှင့် တရုတ်ယဉ်ကျေးမှုအပေါ် သိမြင်နားလည်မှုများကို ပိုမိုနက်ရှိုင်းလာစေပြီး ကောင်းမွန်သော အမှတ်တရများကို စွဲထင်ကျန်ရစ်စေမည် ဖြစ်ကြောင်း သိရသည်။

ယခုလို ကျင်းပဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာပရိသတ်များအတွက် တရုတ်နှစ်သစ်ကူးပွဲတော်အကြောင်းကို နားလည်သိရှိစေပြီး တရုတ်ရိုးရာ ယဉ်ကျေးမှုများအကြောင်းကို ခံစားလေ့လာစေနိုင်ကာ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းလာစေမည်ဟု ယုံကြည်မျှော်လင့်ကြောင်း သိရသည်။ (Xinhua)

#တရုတ်ရိုးရာပွဲတော် #ယွမ်ရှောင်းပွဲတော် #တရုတ်နှစ်သစ်ကူးပွဲတော် #တရုတ်ယဉ်ကျေးမှုစင်တာ