Connect with us

Culture

ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နွေရာသီသင်တန်းများဖွင့်လှစ်

ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာတွင် နွေရာသီသင်တန်းများဖွင့်လှစ်ခြင်းအခမ်းအနားမြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် တရုတ်ယဉ်ကျေးမှုဆိုင်ရာ နွေရာသီသင်တန်း ၃ ခုကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ မတ် ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါနွေရာသီသင်တန်းတွင် တရုတ်စာလက်ရေးလှသင်တန်း၊ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း နှင့် ယူနန်ဟင်းလျာ အချက်အပြုတ်သင်တန်းများကို မတ် ၂၈ ရက်မှ မေ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးကို တိုးမြှင့်ရန်၊ နွေရာသီအားလပ်ရက်အတွင်း မြန်မာကျောင်းသားများ အနေဖြင့်ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကို လေ့လာနိုင်စေရန်အတွက် သင်တန်းများဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှတာဝန်ခံ ရွှီလျင် ကပြောသည်။

သင်တန်းတက်ရောက်သူများအနေဖြင့် တရုတ်ရိုးရာယဉ်ကျေးမှု၏ လေးနက်ကျယ်ပြန့်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ရွှီကဆိုသည်။ (Xinhua)