Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ပို့ကုန် တွန်းအားပေး မဟာဗျူဟာကို လက်တွေ့ကျကျ ဆောင်ရွက်ရန် အကြံပြုချက် လွှတ်တော် အတည်ပြု - Xinhua News Agency
Connect with us

Economy

ပို့ကုန် တွန်းအားပေး မဟာဗျူဟာကို လက်တွေ့ကျကျ ဆောင်ရွက်ရန် အကြံပြုချက် လွှတ်တော် အတည်ပြု

ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသောပြည်ပသွင်းကုန် ကုန်သေတ္တာများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၆ – ၁၇ ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလျံကျော် ရှိခဲ့ခြင်းကြောင့် ပို့ကုန် တွန်းအားပေး မဟာဗျူဟာကို လက်တွေ့ကျကျ ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ် တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏အကြံပြုချက်ကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် အမျိုးသား စီမံကိန်း အစီရင်ခံစာ နှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက လေ့လာတွေ့ရှိချက်များ၊ အကြံပြုချက် များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ “ အမျိုးသား စီမံကိန်း ရည်မှန်းချက်အပေါ် ၂၉ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၅၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိ ကန် ဒေါ်လာ ၇၇၀၉ ဒသမ၂ သန်း၊ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁၇၅၄ ဒသမ ၂ သန်းရှိခဲ့သဖြင့် ပို့ကုန်ထက် သွင်းကုန်က နှစ်စဉ် ပိုမို များပြားနေပါက ကုန်သွယ်မှု လိုငွေ ရေရှည် ဖြစ်ပေါ်နေပြီး နိုင်ငံခြား အရန်ငွေပမာဏ လိုအပ်ချက် များပြားလာကာ နိုင်ငံခြားငွေလဲနှုန်း မြင့်မားလာမှုနှင့်အတူ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းနိုင်သည့် အတွက် ပို့ကုန် တွန်းအားပေးသည့် မဟာဗျူဟာကို လက်တွေ့ကျကျ ဆောင်ရွက်သင့် ကြောင်း” လည်း ပါဝင်ခဲ့သည်။

ပို့ကုန်တန်ဖိုးတွင် လယ်ယာထွက်ကုန်က ဒေါ်လာ ၁၅၂၈ သန်း (၂၅ ဒသမ ၇ ရာခိုင်နှုန်း)၊ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့များက ဒေါ်လာ ၁၅၀၄ ဒသမ ၈ သန်း(၂၅ ဒသမ ၃ ရာခိုင်နှုန်း)၊ စက်မှုကုန်ချော ပစ္စည်းများက ဒေါ်လာ ၉၇၂ ဒသမ ၇ သန်း(၁၆ ဒသမ ၃ ရာခိုင်နှုန်း) တင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်တွင် လူသုံးကုန်ပစ္စည်း ဒေါ်လာ ၂၇၉၈ ဒသမ ၅ သန်း (၃၆ ဒသမ ၃ ရာခိုင်နှုန်း)၊ လုပ်ငန်းတွင်း သုံး ကုန်ကြမ်းနှင့် အရန်ပစ္စည်းများ ဒေါ်လာ ၂၄၉၈ ဒသမ ၉ သန်း(၃၂ ဒသမ ၄ ရာခိုင်နှုန်း) အသီးသီး ရှိခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့တင်ပြခဲ့သည်။

ပြည်ပ ပို့ကုန် သွင်းကုန် အများဆုံး ကုန်သွယ်ဖက် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြပြီး ပို့ကုန်ဈေးကွက် တိုးချဲ့ရေးနှင့် ဈေးကွက် လိုအပ်ချက်နှင့် အညီ ဖြည့်ဆည်းနိုင်ရေးတို့ကို အလေးပေး စဉ်းစားသင့်ကြောင်းလည်း ကော်မတီက အကြံပြုခဲ့သည်။ထို့အပြင် ကုန်သွယ်ရေး လိုငွေ ကွာဟမှု ဆက်တိုက်များပြားနေခြင်းအတွက် အရည်အသွေး ပြည့်မီသော ပို့ကုန် များ တိုးတက်ရေး၊ သွင်းကုန်များ စိစစ် ထိန်းချုပ်ရေး၊ အခွန် ရငွေများ အပြည့်အ၀ ရရှိရေး၊ အစိုးရ အသုံး စရိတ်များ မှန်ကန်ရေးတို့အတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်သင့်ကြောင်းလည်း ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီက အကြံပြုခဲ့သည်။

ထိုသို့ကုန်သွယ်မှု လိုငွေ များပြားနေခြင်းကြောင့် မြင့်တက်လာသော နိုင်ငံခြားငွေ လဲလှယ်နှုန်းများနှင့် ပတ် သက် ပြီး ၂၀၁၆ ဧပြီလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၁၇၅ ကျပ်နှုန်းရှိခဲ့ရာမှ စက်တင် ဘာလ တွင် ၁၂၅၅ ကျပ်အထိ မြင့်မားခဲ့ကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ ၁၁ ဒသမ ၄၆ ရာခိုင်နှုန်းရှိခဲ့ကြောင်းလည်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း၏ ကဏ္ဍအလိုက် အကောင်အထည် ဖော်နိုင်မှုအခြေအနေများအရ ကုန်သွယ်မှုကဏ္ဍတွင် စီမံကိန်းရည်မှန်းချက်တန်ဖိုး ကျပ်သန်း ၁၆,၁၂၀,၁၇၂ ဒသမ ၂ သန်းရှိသည့်အနက် ကျပ် ၄.၆၆၈,၆၈၆ ဒသမ ၈ သန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး အကောင်အထည် ဖော်နိုင်မှု ရာခိုင်နှုန်းမှာ ၂၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (ဂျီဒီပီ)အတွက် စီမံကိန်း ရည်မှန်းချက် တန်ဖိုးမှာကျပ် ၈၄,၁၂၈,၁၂၇ ဒသမ ၇ သန်း ရှိပြီး ပထမ ခြောက်လပတ်အတွင်း အကောင်အထည် ဖော်နိုင်မှုမှာ ကျပ် ၂၆,၃၅၃,၅၈၉ ဒသမ၅ သန်း ရှိပြီး ၃၁ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက် မှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ (အခြေခံ အဆောက်အအုံ ဆိုင်ရာ အသုံးပြုနိုင်မှု)နှင့် စပ်လျဉ်းပြီး ___ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ပြည်တွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လတွင် ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် ပထမ ခြောက်လထက် ကီလိုဝပ်နာရီ ၁၁၅၂ သန်း ပိုလာပြီး လျှပ်စစ်မီး ရရှိသော ကျေးရွာပေါင်း ၁၂၈၇ ရွာ တိုးတက်လာခဲ့ကြောင်း၊ ဆက်သွယ်ရေး နှင့် မိုဘိုင်းဖုန်း အသုံးပြုနိုင်မှုမှာ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက လူ တစ်ထောင်လျှင် ဖုန်း ၄၀၂ လုံး ပိုမို သုံးစွဲလာနိုင်ပြီး အင်တာနက်လိုင်း အရေအတွက် ၄၅ သန်းအထိ သုံးစွဲလျက်ရှိကြောင်း၊ ကျန်းမာရေး ကဏ္ဍ တွင် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း ပြည်သူ့ဆေးရုံ ၃၈ ရုံ တိုးချဲ ့ဖွင့်လှစ်နိုင်ပြီး ဆရာဝန် ၁၄၁၆၉ ဦး၊ သူနာပြု ၃၆၄၂ ဦး တိုးမြှင့် ခန့့်အပ်နိုင်ခဲ့ကြောင်းနှင့် ပညာရေးကဏ္ဍတွင် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း အစိုးရ မူလတန်းကျောင်း ၁၀၇ ကျောင်း၊ အလယ်တန်း တစ်ကျောင်း၊ တိုးတက် ဖွင့်လှစ်နိုင်ခဲ့ပြီး မူလတန်းပြ ဆရာ ၇၆၁၆၂ ဦး၊ အထက်တန်းပြ ၆၂၆၀ ဦး တိုးမြှင့် ခန့်အပ်နိုင်ခဲ့ကာ တက္ကသိုလ် နှင့် ကောလိပ်ကျောင်း သုံးကျောင်း တိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းဆရာ ၅၇၇ ဦး တိုးခန့်အပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ တွေ့ရှိသုံးသပ် အကြံပြုချက်များအပေါ် အလေးအနက်ထားပြီး မှတ်သား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော်သို့ ကတိပြု ပြောကြားအပြီး လွှတ်တော် နာယက က လွှတ်တော်၏ သဘောထားကို ရယူကာ ပြည်ထောင်စု အစိုးရအဖွဲ့၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို မှတ်တမ်းတင်ခဲ့ခြင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ၏ တွေ့ရှိသုံးသပ် အကြံပြုချက်များကို အတည်ပြုခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ (Xinhua)