Connect with us

Economy

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ကုန်သွယ်မှု ပမာဏ မြင့်တက်လာ

ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းအား တွေ့ ရစဉ်(ဓာတ်ပုံ-စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၈ လတာ ကာလအတွင်း ကုန်သွယ်မှု ပမာဏမှာ ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၆.၄၅ ဘီလီယံခန့်ကုန်သွယ် နိုင်ခဲ့ပြီး ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ ၂ ရက်ထိ ၈ လ အတွင်း ကုန်သွယ်မှု ပမာဏမှာ ကျပ် ၆.၉၂ ဘီလံယံခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ထို့အတူ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင် ထုတ်ပေးခဲ့ရာ ယခု ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်ထိ ITC ကတ် စုစုပေါင်း ၁၁၅၂ ကတ် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ခွင့်ပြု ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.