Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား လျှပ်စစ်စွမ်းအား ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် မူကြမ်းများအား CMEPCC ၏ တတိယ အကြိမ် ကော်မရှင် အစည်းအဝေး တွင် တင်ပြခဲ့ - Xinhua News Agency
Connect with us

Economy

တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား လျှပ်စစ်စွမ်းအား ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် မူကြမ်းများအား CMEPCC ၏ တတိယ အကြိမ် ကော်မရှင် အစည်းအဝေး တွင် တင်ပြခဲ့

တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (CMEPCC)၏ တတိယ အကြိမ်ကော်မရှင် အစည်း အဝေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ရေအား လျှပ်စစ်ကဏ္ဍ သဘောတူညီချက်အား လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား လျှပ်စစ်စွမ်းအား ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက် မူကြမ်း နှင့် ရေအား လျှပ်စစ်ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘော တူညီချက် မူကြမ်းများအား တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (CMEPCC)၏ တတိယ အကြိမ်ကော်မရှင် အစည်း အဝေးတွင် တင်ပြခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များ ဆောင် ရွက် လျက်ရှိကြောင်း၊ ရေအား လျှပ်စစ်ကဏ္ဍတွင် အဓိက ဆောင်ရွက်နေကြပြီး စီမံကိန်း ၁၈ ခုကို ဦးစားပေးစီမံကိန်း အဖြစ် ဆောင်ရွက် သွားရန် ဒုတိယအကြိမ် ကော်မရှင် အစည်း အဝေးတွင်မူ အရ သဘောတူ
ခဲ့ကြောင်း ၊ လျှပ်စစ်ဆိုင်ရာ စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက် ရာတွင် သဘာဝနှင့် လူမှုဘဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်ရေး အသေးစိတ် လေ့လာ ဆန်းစစ်ပြီး ဒေသခံ ပြည်သူများနှင့် သက်ဆိုင်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြ ဆောင်ရွက် လျက်ရှိကြောင်း နေပြည်တော်၌ ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ရေဘေးအန္တရာယ်ကျရောက်ခဲ့သောဒေသများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ကိရိယာ များနှင့် ပစ္စည်းများ လှူဒါန်းမှု မှတ်တမ်းတို့အား တာဝန်ရှိသူများက လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထိုအတူ တရုတ်ကိုယ်စားလှယ်အဖွဲ့မှ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး စီမံချက် မူကြမ်း၊ တရုတ်ပြည်သူ သမ္မတနိုင် ငံနှင့် မြန်မာ နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေး သဘော တူညီချက် မူကြမ်း၊ တရုတ်ပြည်သူ သမ္မတနိုင်ငံနှင့် မြန်မာနိုင် ငံကြား ရေအားလျှပ်စစ် စီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘော တူညီချက်မူကြမ်းတို့ကို မြန်မာကိုယ်စားလှယ်အဖွဲ့သို့ပေးအပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Liu Qi ၊ နှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.