Connect with us

Economy

တရုတ်နိုင်ငံသား ၄၄၁ ဦး မော်တော်ကား အစီး ၁၃၀ ဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသ ၁၅ ခုသို့ လေ့လာလည်ပတ်မည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသား ၄၄၁ ဦး မော်တော်ကား အစီး ၁၃၀ ဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသ ၁၅ ခုသို့ လေ့လာလည်ပတ်မည်ဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

၎င်းတရုတ်နိုင်ငံသားများ က ဖေဖော်ဝါရီလ ၈ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ လာရောက်လည်ပတ်ကြမည်ဖြစ်ပြီး ၊ မူဆယ်မြို့မှ ဝင်ရောက်ကာ ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ရန်ကုန်၊ ငွေဆောင်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များသို့ သွားရောက်ကာ အပန်းဖြေအနားယူခြင်းများအပြင် လေ့လာလည် ပတ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၈ရက်နေ့သည် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး၊ ယခင်နှစ်များက တရုတ်နှစ် သစ်ကူးနေ့တွင် တရုတ်လူမျိုးများသည် ရွှေလီမြို့မှဝင်ရောက်ကာ မူဆယ်မြို့အနီးတစ်ဝိုက်တွင် လည် ပတ်ခဲ့သည့် အစဉ်အလာရှိခဲ့ကြကြောင်း သိရသည်။ (Xinhua)