Connect with us

Economy

တရုတ်နိုင်ငံရှိ Sailun Jinyu စီးပွားရေး လုပ်ငန်းစုမှ မြန်မာနိုင်ငံသို့ ကားတာယာများ တင်သွင်းမည်

ကားတာယာများအား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ Sailun Jinyu စီးပွားရေး လုပ်ငန်းစုမှ ၂ဝ၁၆ ခုနှစ် မတ်လ ဆန်းပိုင်းတွင် ပြည်တွင်းရှိ ကားတာယာများ ရောင်းချသည့် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ ကားတာယာ အများအပြား တင်သွင်း ရောင်းချ သွားမည် ဖြစ်ကြောင်း ပြည်ပမှ ကားတာယာ တင်သွင်း ရောင်းချ နေသည့် အရောင်းဆိုင် တစ်ဆိုင်မှ တာဝန်ခံ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ကားတာယာ တင်သွင်း ရောင်းချရာတွင် အိမ်စီးကားနှင့် လုပ်ငန်းသုံး ကားတာယာများကို တင်သွင်း ရောင်းချမည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်အတွင်း ၎င်းတို့ တင်ပို့သည့် ကားတာယာများ၏ ရောင်းအားပေါ် မူတည်၍ ဆက်လက် တိုးမြှင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းစုသည် လက်ရှိတွင် တောင်အမေရိက၊ မြောက်အမေရိကနှင့် ဥရောပတို့၌ ဈေးကွက် အခိုင်အမာ ရရှိထားသည့် လုပ်ငန်းစု တစ်ခုဖြစ်ပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှစ၍ အာရှ၌ ဈေးကွက် အခိုင်အမာ ရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ ကားတာယာများ တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117