Connect with us

Politics

တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာထောက်ခံကြောင်း မြန်မာနိုင်ငံအစိုးရက လက်ရှိ ထိုင်ဝမ်ရေလက်ကြားဒေသ တင်းမာမှုအခြေအနေနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကာ ထပ်လောင်းပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၃၁ ရက်ညပိုင်းတွင် လက်ရှိ ထိုင်ဝမ်ရေလက်ကြားဒေသ တင်းမာမှုအခြေအနေနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ထုတ်ပြန်၍ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) နှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကြီးအပေါ် အစဉ်တစ်စိုက် ရပ်တည်ထောက်ခံကြောင်း၊ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြမ်းစိတ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုကာ “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုများကို အသိအမှတ်မပြုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
缅甸官方就当前台海紧张局势发表声明:重申坚持一个中国政策
缅甸国防与安全委员会31日晚就当前台海紧张局势发表声明表示,缅甸一贯支持一个中国政策和中国和平统一大业,承认台湾问题纯属中国内政、台湾是中国领土不可分割的一部分,反对“台独”分裂活动。