Sino-Myanmar
တရုတ်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှ စာသင်ကျောင်းများအတွက် အားကစားပစ္စည်းများ လှူဒါန်း
နေပြည်တော်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
China Foundation for Peace and Development (CFPD) က မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ရှိ အခြေခံပညာ စာသင်ကျောင်း ၅ ကျောင်းအတွက် အားကစားပစ္စည်းများကို ဧပြီ ၁၀ ရက်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းသည် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းနှင့် CFPD တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “Silk Road People-to-People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
အဆိုပါလှူဒါန်းမှုအစီအစဉ် အခမ်းအနားအတွင်း အားကစားပစ္စည်းများကို နေပြည်တော်ရှိ စာသင်ကျောင်းများ၏ ကိုယ်စားလှယ်များထံ CFPD မြန်မာနိုင်ငံရုံး ကိုယ်စားလှယ် Mr. Wang Lei နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း Senior President Mr. Li Bo Bo တို့က လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
CFPD မြန်မာနိုင်ငံရုံး ကိုယ်စားလှယ် Mr. Wang Lei က CFPD အနေဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများ၊ ကျောင်းသုံးကိရိယာများ အပါအဝင် စီမံကိန်းများစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းများက တရုတ်-မြန်မာ ချစ်ကြည်ရေးကို မြှင့်တင်ရန်နှင့် “ပေါက်ဖော်” ချစ်ကြည်ရေးကို အားကောင်းမှုရှိစေရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
အထက (၁၄) ဇဗ္ဗူသီရိမြို့နယ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းက ယခုလို အားကစားပစ္စည်းများ လှူဒါန်းသော တရုတ်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများက ကျောင်းသားကျောင်းသူများကို ကာယစိတ္တ၊ သုခစိတ္တ၊ ဉာဏစိတ္တများ ပြည့်ဝစေမည်ဖြစ်ကြောင်း လှူဒါန်းပစ္စည်းများ လက်ခံစဉ် ပြောကြားခဲ့သည်။
ထို့ပြင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးကလည်း မြန်မာနိုင်ငံအား လှူဒါန်းမှုများအတွက် CFPD နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းကို ကျေးဇူးတင်ရှိကြောင်း၊ ကျောင်းသုံးကိရိယာများနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းသည် ကျောင်းသားကျောင်းသူများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#China #Myanmar #SportsEquipment #Schools #တရုတ် #မြန်မာ #အားကစားပစ္စည်းများ #စာသင်ကျောင်း
……………………………………………
(English Version)
Chinese foundation donates sports equipment to Myanmar schools
NAY PYI TAW, Myanmar, April 10 (Xinhua) — The China Foundation for Peace and Development (CFPD) donated sports equipment to five basic education schools in Nay Pyi Taw, capital of Myanmar, on Wednesday.
In cooperation with Myanmar Chinese Cooperation and Communication Center, the CFPD made the donation as part of the “Silk Road People-to-People Connectivity Care for the Future” program.
During the donation event, the sports equipment was handed over to the schools’ representatives by CFPD Myanmar office’s in-charge Wang Lei and Senior President of Myanmar Chinese Cooperation and Communication Center Li Bo Bo.
Wang said that the CFPD has implemented various projects in Myanmar, including the donation of healthcare facilities and school materials, and these projects help promote China-Myanmar friendship and strengthen the “Paukphaw” friendship.
Daw San San, headmistress of a basic education high school that received the donation, expressed gratitude to the Chinese organizations for the donation. She added that the donation would help promote the physical, intellectual and cognitive development of the students.
U Myint Soe, a member of the Nay Pyi Taw Council, appreciated the CFPD and Myanmar Chinese Cooperation and Communication Center for their contributions to Myanmar, saying that the donation of school materials and sports equipment would contribute to the development of the Myanmar students.