Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက “အခွင့်အရေးနှင့်တရုတ်နိုင်ငံ” တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကျင်းပ

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၌ တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲ ကျင်းပစဉ် (ဓါတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၌ “အခွင့်အရေးနှင့်တရုတ်နိုင်ငံ”တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း အဆိုပါ သံရုံးက ယနေ့(ဧပြီ ၉ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၌ တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲ ကျင်းပစဉ် (ဓါတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

အဆိုပါတွေ့ဆုံပွဲကို ဧပြီ ၈ ရက်တွင် တရုတ်လုပ်ငန်းရှင်များအသင်း၌ ကျင်းပပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Liu Ming ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်၊ တရုတ်-မြန်မာမီဒီယာပေါင်း ၂၀ ကျော်၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့် သံရုံးမှ သံတမန်များတက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ် အခြေအနေကို မိတ်ဆက်ခဲ့ပြီး ပြည်လုံးဆိုင်ရာ အစည်းအဝေးနှစ်ရပ်တွင် ယခုနှစ်တရုတ်နိုင်ငံ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကရည်မှန်းချက်နှင့် မူဝါဒလားရာကို ချမှတ်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံစီးပွားရေးသည် ၅.၂ ရာခိုင်နှုန်းတိုးများလာသဖြင့် တိုးတက်မှုအမြန်နှုန်းသည် တစ်ကမ္ဘာလုံးတွင်ဦးဆောင်နေကြောင်း၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတိုးတက်မှု၏ အဓိကအင်ဂျင်ဖြစ်နေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံစီးပွားရေးသည် ကြံ့ခံနိုင်မှုစွမ်းရည်ကောင်းပြီး အလားအလာကြီးကာ တက်ကြွမှုစွမ်းရည်မြင့်မားကြောင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် အားကောင်းသည့်တိုးတက်မှုစွမ်းရည်ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ သံမှူးကြီး Dr. Zheng Zhihong က ပြောသည်။

တရုတ်နိုင်ငံ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုသည် ရှေ့ရေးအလားအလာကောင်းမွန်ကြောင်း၊ တရုတ်နိုင်ငံသည် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်ပုံစံခေတ်မီမှုသည် ကမ္ဘာကြီးအတွက်အခွင့်အလမ်းအသစ်များ သယ်ဆောင်လာပေးကြောင်း၊ တရုတ်နိုင်ငံကို ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “တရုတ်နိုင်ငံ” ကဲ့သို့ နောက်ထပ်တိုးတက်လာမည့်နိုင်ငံသည် တရုတ်နိုင်ငံပဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုဖြင့် ပထမဆုံးအကျိုးဖြစ်ထွန်းစေသည်မှာ မြန်မာစသည့်အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်အလားအလာ ကျယ်ပြန့်ကြီးမားကြောင်း၊ မိမိတို့သည် တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု လက်တွေ့ကျနက်ရှိုင်း လာအောင်ဖော်ဆောင်ပြီး ပိုမိုများပြားသည့် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှု ရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုသွားလိုကြောင်း ၎င်း ကဆိုသည်။

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းက လုပ်ငန်းအခြေအနေကို မိတ်ဆက်ခဲ့ပြီး အသင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု၏ ပေါင်းကူးတံတားအနေဖြင့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံဖော်ဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံမီဒီယာများက မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများအကြောင်းအရာများ တင်ဆက်ရာတွင် ကူညီပေးပြီး တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဟူသော အဓိကအကြောင်းအရာကို တင်ဆက်သွားလိုကြောင်း မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Liu Ming က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ် အထည်ချုပ်၊ လျှပ်စစ်၊ လျှပ်စစ်ကား စသည့်ကုမ္ပဏီမှကိုယ်စားလှယ်များကလည်း မြန်မာနိုင်ငံတွင် လည်ပတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ခြင်း၊ လူမှုတာဝန်ထမ်းဆောင်ခြင်း၊ မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကူညီပေးခြင်း စသည့်အခြေအနေများကို မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံသည် အရင်းအမြစ်ပေါကြွယ်ဝကာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကြီးမားကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ် ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ်-မြန်မာလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာနိုင်ငံအတွက် ပိုမိုများပြားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန် မြှင့်တင်သွားလိုကြောင်း ၎င်းကဆိုသည်။

ယင်း တွေ့ဆုံပွဲသို့တက်ရောက်လာသူများက အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား၊ အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားပေးခြင်း၊ လျှပ်စစ်ကား၊ ကုန်သွယ်ရေး စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ကူးလူးဖလှယ်ကာ မြန်မာနိုင်ငံ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲနှင့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

မီဒီယာကိုယ်စားလှယ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်လာမည်ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုအကြောင်း ဆက်လက်တင်ဆက်သွားပြီး နှစ်နိုင်ငံလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုအတွက် မီဒီယာအင်အားဖြင့် အကျိုးထမ်းဆောင်ပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117